အဒေါ့ဖ်ဟစ်တလာလို့ အမည်ရတဲ့ နမီးဘီးယားနိုင်ငံရေးသမား ရွေးကောက်ပွဲအနိုင်ရ

4-12-2020-yyl-028.jpg

နာဇီခေါင်းဆောင် အဒေါ့ဖ်ဟစ်တလာနဲ့ နာမည်တူတဲ့ နမီးဘီးယားနိုင်ငံရေးသမားတစ်ယောက်ဟာ ဒေသဆိုင်ရာ ရွေးကောက်ပွဲမှာ သောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့ပါတယ်။ အဒေါ့ဖ်ဟစ်တလာအူနိုနာလို့ အမည်ရတဲ့ နမီးဘီးယားနိုင်ငံရေးသမားဟာ ပြီးခဲ့တဲ့တစ်ပတ်က အမ်ပန်ဒါမဲဆန္ဒနယ်ရဲ့ ကောင်စီဝင်အဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရတာပါ။

နမီးဘီးယားနိုင်ငံဟာ တချိန်က ဂျာမနီနိုင်ငံရဲ့ ကိုလိုနီနယ်မြေဖြစ်ခဲ့လို့ အဒေါ့ဖ်ဆိုတဲ့ နာမည်မျိုး သုံးလေ့သုံးထရှိပါတယ်။ အဒေါ့ဖ်ဟစ်တလာကို အစွဲပြုပြီး သူ့အဖေက ဒီနာမည်ပေးခဲ့ပေမဲ့ သူက နာဇီဝါဒနဲ့ ဘာတစ်ခုမျှ ပတ်သက်ဆက်နွှယ်မှုမရှိဘူးလို့ အဒေါ့ဖ်ဟစ်တလာအူနိုနာက ဂျာမနီသတင်းစာ Bild နဲ့ အင်တာဗျူးမှာ ပြောပါတယ်။

” ကျွန်တော် ကလေးဘဝတုန်းက ဒီနာမည်ကို မသိဘူး။ သာမန်နာမည်လို့ပဲ ထင်ခဲ့တယ်။ အသက်ကြီးလာတော့မှ ဒီလူက တစ်ကမ္ဘာလုံးကို အုပ်စိုးချင်ခဲ့တာပဲလို့ နားလည်လာတယ်။ ကျွန်တော်ကတော့ အဲဒီကိစ္စတွေနဲ့ မဆိုင်ပါဘူး” လို့ အဒေါ့ဖ်ဟစ်တလာအူနိုနာက ပြောပါတယ်။ သူ့အနေနဲ့ နာမည်ပြောင်းဖို့ အစီအစဉ်မရှိဘူးလို့လည်း ဆိုပါတယ်။

Ref: BBC ” Namibia: Man named after Adolf Hitler wins local election”

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top