ကမ္ဘာကြီးကို ကယ်တင်ဖို့လိုအပ်နေကြောင်း ပြသနေတဲ့ပုံများ

an0-1.jpg

အခုဆိုရင် ကမ္ဘာကြီးပေါ်မှာ နေထိုင်နေကြတဲ့ ကျွန်တော်တို့အပါအဝင် ပင်လယ်၊ သမုဒ္ဒရာက သတ္တဝါတွေက သဘာဝဘေးဒုက္ခတွေနဲ့ ကြုံတွေ့နေကြရပါတယ်။ ပလတ်စတစ်ခွက်တွေ၊ အမှိုက်တစ်စတွေက အသေးအမွှားအရာတွေဖြစ်တာကြောင့် ဘယ်သူကိုမှ အန္တရာယ်မဖြစ်စေနိုင်ဘူးလို့ တွေးမိကောင်းတွေမိကြမှာပါ။ ငါတစ်ယောက်တည်းလုပ်တာနဲ့ ဘာမှဖြစ်မသွားပါဘူးဆိုတဲ့စကားကို စွဲမြဲနေကြပါတယ်။ လူသားသန်းပေါင်းများစွာက အဲဒီလိုပဲ တွေးနေကြမယ်ဆိုရင် ကမ္ဘာကြီးအတွက် စိုးရိမ်စရာပါပဲ။ ပလတ်စတစ်သုံးစွဲမှုကို လျော့ချဖို့နဲ့ ပတ်ဝန်းကျင်ညစ်ညမ်းမှုတွေကို ကာကွယ်ဖို့ ကျွန်တော်တို့ ကြိုးစားကြရမှာဖြစ်ပါတယ်။ ကမ္ဘာကြီးပေါ်မှာ ဖြစ်ပျက်၊ ကြုံတွေ့နေတဲ့အရာတွေကို စုစည်းတင်ပြပေးလိုက်ရပါတယ်။

ပလတ်စတစ်ဘူးထဲမှာ ပိတ်မိနေတဲ့ ပင်လယ်ကဏန်း

ဂျယ်လီငါးလိုမျိုး ရေထဲမှာ မျောနေတဲ့ ပလတ်စတစ်စကို ပင်လယ်လိပ်က အစာအစားနဲ့အမှတ်မှားပြီး စားပစ်ကြပါတယ်

ကမ်းခြေဆီကို ရေနံဆီ ၁၀၅၀၀၀ဂါလံ စီးထွက်လာပြီးတဲ့နောက်မှာ ဆီတွေပေကျံသွားတဲ့ ငှက်ကြီးဝန်ပို

အိန္ဒိယပွဲတော်ရာသီအတွင်း အမှိုက်တွေနဲ့ပြည့်နေတဲ့မြစ်ထဲမှာ ရေကူးနေတဲ့ကလေးတစ်ယောက်

သစ်တောတွေ ဖယ်ရှားလိုက်တာကြောင့် သူ ခိုနားရာနေရာလေးကို ရှာနေရင်း စိတ်ပျက်လက်ပျက်ဖြစ်နေတဲ့ ကိုလာဝက်ဝံပေါက်လေး

တရုတ်နိုင်ငံရဲ့တချို့ဒေသတွေမှာ လူတွေက လေထုညစ်ညမ်းခြင်းကနေ ကာကွယ်ဖို့အတွက် နှာခေါင်းစည်းဝတ်ထားရပါတယ်

အမှိုက်တွေနဲ့ ပြည့်နှပ်နေတဲ့မြစ်ထဲမှာ လှေတစ်စီးနဲ့ ဖရဲသီးရောင်းနေတဲ့ ဈေးသည်

ပလတ်စတစ်ကြောင့် နာကျင်နေရှာတဲ့ ပင်လယ်လိပ်လေး

ရေညှိတွေနဲ့ ပြည့်နေတဲ့ ကန်တစ်ခုမှာ လှေလှော်နေတဲ့ တရုတ်ငါးဖမ်းသမား

ကျောက်မီးသွေးနဲ့ သတ္တုမိုင်းတွင်းတွေကြောင့် ညစ်ညမ်းသွားရတဲ့ ချောင်း

Ref: Brightside
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top