မိခင်နို့ရည်မှာပါတဲ့ ဆဲလ်အရှင်တွေက ရင်သားကင်ဆာ ကုထုံးသစ်တွေ ပေါ်ပေါက်လာစေဖို့ အထောက်အပံ့ ဖြစ်စေနိုင်

30.1.2021yyl15.jpg

ယခင်က ဆဲလ်သေ (သို့) သေခါနီး ဆဲလ်တွေလို့ ထင်ထားကြတဲ့ မိခင်နို့ရည်ထဲက ဆဲလ်တွေဟာ အသက်ရှင်ပြီး အကောင်းအတိုင်းရှိနေတယ်ဆိုတာကို ကမ်းဘရစ်ချ်တက္ကသိုလ်ရဲ့ သုတေသနလုပ်မှုမှာ တွေ့ရှိခဲ့ပါတယ်။ နို့ရည်ထဲက ဆဲလ်အရှင်တွေဟာ ရင်သားကင်ဆာရောဂါ ကုသနည်းတွေ ရှာဖွေဖို့ သိပ္ပံပညာရှင်တွေကို အထောက်အပံ့ဖြစ်စေနိုင်တာကိုလည်း လေ့လာတွေ့ရှိခဲ့ပါတယ်။
ရင်သားကင်ဆာရောဂါရဲ့ အစောပိုင်းလက္ခဏာတွေကို ရှာဖွေဖော်ထုတ်ရာမှာ နို့ရည်ထဲက ဆဲလ်တွေက သဲလွန်စပေးနိုင်တဲ့အပြင် ရင်သွေးတွေကို နို့တိုက်ကျွေးချိန်မှာ ရင်သားတစ်သျှူးတွေ ဘယ်လိုပြောင်းလဲသွားသလဲဆိုတာကို နားလည်လာအောင် အထောက်အပံ့ပေးနိုင်လိမ့်မယ်လို့ ဆိုပါတယ်။

” ရင်သားတစ်သျှူးတွေက အပျိုဖော်ဝင်ချိန်၊ ကိုယ်ဝန်ဆောင်ချိန်၊ နို့တိုက်ကျွေးချိန်၊ အသက်အရွယ်အိုမင်းလာချိန် စတဲ့ အချိန်တွေအလိုက် ပြောင်းလဲနေတာပါ” လို့ လေ့လာမှုကို ဦးဆောင်တဲ့ သုတေသီ ဒေါက်တာ တွစ်ဂါက ပြောပါတယ်။ သုတေသီတွေဟာ နို့တိုက်ကျွေးတဲ့ မိခင်တွေရဲ့ နို့ရည်နဲ့ နို့မတိုက်တဲ့ အမျိုးသမီးတွေရဲ့ ရင်သားတစ်သျှူး နမူနာတွေကို ရယူပြီး သုတေသနလုပ်ခဲ့ကြတာပါ။ ဆဲလ် ၂ မျိုးရဲ့ ကွာခြားချက်တွေကို ဖော်ထုတ်နိုင်ပြီးနောက်မှာတော့ ပျမ်းမျှအားဖြင့် နို့ရည် ၅၀ မီလီလီတာမှာ သုတေသနပြုဖို့ ဆဲလ်ပေါင်းသိန်းချီ ပါဝင်နေတယ်ဆိုတာ တွေ့ရှိခဲ့တာဖြစ်ပါတယ်။

” နို့ရည်ထဲကနေ ဆဲလ်အရှင်တွေ တွေ့တယ်လို့ အလီရှာ (တွစ်ဂါ) စပြောချိန်မှာ ကျွန်တော် အံ့သြသွားတယ်။ ပြီးတော့ ဖြစ်နိုင်ခြေတွေကိုတွေးပြီး စိတ်လှုပ်ရှားမိတယ်။ အခုတွေ့ရှိမှုကြောင့် ရင်သားကင်ဆာရဲ့အစောပိုင်းအဆင့်တွေကို ထပ်မံ လေ့လာနိုင်လိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်” လို့ ကမ်းဘရစ်ချ်တက္ကသိုလ် ပင်မဆဲလ်သိပ္ပံဌာနရဲ့ ဒေါက်တာ ဝါလစ်ခါလစ်က ပြောပါတယ်။

Ref: Goodnews “Live Cells Discovered in Human Breast Milk Could Lead to Future Breast Cancer Treatments”

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top