Season 2 နဲ့ Season 3 ထွက်ရှိဉီးမယ့် Tale Of The Nine-Tailed ဇာတ်လမ်းတွဲ

28-9-2021-yyl4.jpg

tvN ရုပ်သံလိုင်းက ထုတ်လွှင့်ပြသခဲ့တဲ့ “Tale Of the Nine-Tailed” ကိုရီးယားဇာတ်လမ်းတွဲဟာ ဒုတိယတွဲ၊ တတိယတွဲ အနေနဲ့ ထွက်ရှိလာဉီးမှာဖြစ်ပါတယ်။ စက်တင်ဘာ ၂၇ ရက်နေ့က ထွက်ရှိလာခဲ့တဲ့ သတင်းတွေအရ tvN ရုပ်သံလိုင်းက “Tale Of the Nine-Tailed” ဇာတ်လမ်းတွဲကို ဒုတိယတွဲနဲ့ တတိယတွဲရိုက်ကူးထုတ်လွှင့်ဖို့ ဆုံးဖြတ်ထားတယ်လို့ သိရပါတယ်။ ခေါင်းဆောင်မင်းသမီးကတော့ ပြန်လည်ပါဝင်လာမှာမဟုတ်တဲ့အတွက် မင်းသမီးအသစ်ရွေးချယ်သွားမှာဖြစ်တယ်။ ဒုတိယတွဲက ဂျပန်ကိုလိုနီသိမ်းပိုက်ချိန် (၁၉၁၀-၁၉၄၅) အတွင်း
ဇာတ်အိမ်တည်ထားပြီး တတိယတွဲကတော့ ဂျိုဆွန်းခေတ်ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

tvN ရုပ်သံလိုင်းက တာဝန်ရှိသူတစ်ဉီးကလည်း ဒီသတင်းနဲ့ပတ်သက်ပြီး “လက်ရှိ ကျွန်တော်တို့ “Tale of the Nine-Tailed” ဒုတိယတွဲအကြောင်း ဆွေးနွေးနေကြပါတယ်။ ပါဝင်မယ့်သရုပ်ဆောင်တွေနဲ့ ထုတ်လွှင့်ပြသမယ့်အချိန်အသေးစိတ်နဲ့ ပတ်သက်ပြီး နောက်ဆုံးဆုံးဖြတ်ချက်မချရသေးပါဘူး။ ဒုတိယတွဲကို အပိုင်း ၁၆ ပိုင်း ရိုက်ကူးဖို့ ကျွန်တော်တို့စီစဉ်နေပါတယ်။ ပထမတွဲရဲ့ဒါရိုက်တာ ကန်ရှင်ဟို (Kang Shin Hyo) ပဲ ဆက်လက်ရိုက်ကူးသွားမှာပါ” လို့ ပြောကြားခဲ့ပါတယ်။

“Tale of the Nine-Tailed” ပထမတွဲကို ၂၀၂၀ နှစ်ကုန်ပိုင်းမှာ ထုတ်လွှင့်ခဲ့တာဖြစ်ပြီး မင်းသား လီဒုန်ဝု (Lee Dong Wook)၊ မင်းသမီးဂျိုဘိုအာ (Jo Bo Ah) နဲ့ မင်းသားကင်ဘမ် ( Kim Bum) တို့ ပါဝင်ခဲ့တဲ့ အမြှီးကိုးချောင်းမြေခွေးထီးနဲ့ ထုတ်လုပ်ရေးဒါရိုက်တာမလေးတို့အကြောင်း ရိုက်ကူးထားတဲ့ ခေတ်သစ်စိတ်ကူးယဉ်ဇာတ်လမ်းဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲကို ဒရမ်မာချစ်ပရိသတ်တော်တော်များများ ကြိုက်နှစ်သက်ခဲ့ကြပြီး ကြည့်ရှုနှုန်း ၅.၂ ရာခိုင်နှုန်းနဲ့ ဇာတ်လမ်းတွဲအဆုံးသတ်ခဲ့ပါတယ်။

Ref: Soompi “tvN Responds To Reports Of New Seasons Of “Tale Of The Nine-Tailed””

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top