ပညာသင်ထောက်ပံ့ကြေး ဒေါ်လာ (၁) သန်းနဲ့အတူ ကောလိပ် (၃၈) ခုကို ဝင်ခွင့်ရရှိခဲ့တဲ့ အမြွှာညီအစ်မ

20-5-2020-yyl-001.jpg

အေရီရယ်လာနဲ့ အေရီရန်နာဆိုတဲ့ အမြွှာညီအစ်မ (၂) ဦးဟာ ပညာသင်ထောက်ပံ့ကြေး ဒေါ်လာ (၁) သန်းကို ချီးမြှင့်ခဲ့ပြီး ကော်လိပ် (၃၈) ခုကနေလည်း ဝင်ခွင့်ရရှိခဲ့တဲ့အတွက် သူနာပြုလုပ်ချင်တဲ့သူတို့ရဲ့စိတ်ကူးတွေ ပြည့်မြောက်သွားခဲ့ပါပြီ။ သူတို့ညီအစ်မက ဝစ်ကွန်ဆင်ပြည်နယ်က Dr.Howard Fuller Collegiate Academy ကနေ မကြာခင် ဘွဲ့ရရှိတော့မှာဖြစ်ပါတယ်။ အသက် (၁၈) အရွယ်သာရှိသေးတဲ့ သူတို့(၂) ဦးက အဆင့်ကောင်းကောင်းနဲ့ ဘွဲ့ရတော့မှာဖြစ်တဲ့အတွက် ညကျတဲ့အထိ စာလေ့လာစရာမလိုတော့ဘူးလို့ ပြောပါတယ်။

ညီမ အေရီရန်နာက ပျှမ်းမျှအမှတ် ၃.၇၇ ရရှိခဲ့ပြီး အစ်မ အေရီရန်လာကတော့ ၃.၇၆ မှတ်ရရှိခဲ့ပါတယ်။ ထပ်ပေါင်းရလဒ်အမှတ်ကို စောင့်ဆိုင်းနေကြပေမဲ့ သူတို့ညီမနှစ်ယောက်က အတန်းထဲမှာ အဆင့် (၁) နဲ့ (၂)ပါပဲ။ “ကျွန်တော်တို့ အရမ်းဂုဏ်ယူမိပါတယ်။ သူတို့ကို ပညာသင်ဆုထောက်ပံ့ပေးရတာ စိတ်လှုပ်ရှားမိပါတယ်။ ကလေးတိုင်းက သင်ယူနိုင်တဲ့၊ အောင်မြင်နိုင်တဲ့အလားလာရှိကြတဲ့အတွက် သူတို့ကို ပံ့ပိုးပေးမှာပါ” လို့ အမြွှာညီအစ်မရဲ့ကျောင်းအုပ်က ပြောပါတယ်။ သူတို့ညီအစ်မ(၂) ဦးက ကျောင်းလှုပ်ရှားမှုတော်တော်များများမှာလည်း ပါဝင်ခဲ့ပါတယ်။ သူတို့က ကျောင်းတစ်ဖက်နဲ့ အချိန်ပိုင်းအလုပ်လည်းလုပ်ကိုင်ပါတယ်။ သူတို့ညီအစ်မက ဈေးဝယ်စင်တာတွေသွားတာ၊ ရုပ်ရှင်ကြည့်တာ၊ ရေကူးတာတွေနဲ့ စိတ်အပန်းဖြေတယ်လို့ ဆိုပါတယ်။ “သမီးနဲ့ အစ်မက အကုန်အတူတူလုပ်တယ်။ အမြဲတမ်းအတူတူလုပ်ဖို့ သမီးတို့ သဘောတူညီထားပါတယ်” လို့ အေရီရန်နာက ပြောပါတယ်။

သူတို့ညီအစ်မ(၂) ဦးလုံးက သူတို့ရဲ့ဖခင် အဆုတ်ရောင်ရောဂါနဲ့ ဖျားနာပြီးကတည်းက သူနာပြုလုပ်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ အေရီရယ်လာက ပြောပါတယ်။ “ကပ်ရောဂါဖြစ်နေတဲ့အတွက် သူနာပြုတွေ တကယ်လိုအပ်နေတယ်ဆိုတာ ကျွန်မသိပါတယ်။ သူတို့က လူတွေရဲ့အသက်ကို ရှေ့တန်းက ကာကွယ်ပေးနေတာပါ။ ကျွန်မ အဲဒါရဲ့တစ်စိတ်တစ်ပိုင်းဖြစ်ချင်တယ်”လို့ အေရီရန်နာက ဆိုပါတယ်။

ကော်လိပ်ဝင်ခွင့်လျှောက်ထားတဲ့အချိန်ရောက်လာတဲ့အခါမှာ အေရီရယ်လာနဲ့ အေရီရန်နာတို့က ကောလိပ် (၃၈) ခုမှာ လျှောက်ထားခဲ့ပါတယ်။ သူတို့နှစ်ဦးလုံးက ကောလိပ် (၃၈) ခုလုံးမှာ ဝင်ခွင့်ရရှိခဲ့ပါတယ်။ “ကျွန်မတို့က ချမ်းသာတဲ့မိသားစုက လာတာမဟုတ်ပါဘူး။ ဒါကြောင့်မို့ တစ်ခုခုအောင်မြင်အောင်လုပ်ပြီး မိသားစုတွေ ဂုဏ်ယူရအောင် လုပ်ချင်ခဲ့တာပါ။ ကျွန်မမှာ အခြားအရည်အချင်းတွေမရှိပါဘူး။ ကျွန်မ ကျောင်းမှာ ကောင်းကောင်းလုပ်နိုင်တဲ့အတွက် ဒါက ကျွန်မကို ထူးခြားစေတဲ့အရာဖြစ်နိုင်တယ်လို့ ခံစားမိပါတယ်။ ကျွန်မရဲ့ပညာရေးကနေတဆင့် ကျွန်မက ဘယ်လောက်တော်လဲဆိုတာကို ပြနိုင်ခဲ့ပါတယ်” လို့ အေရီရန်နာက ပြောပါတယ်။

အေရီရယ်လာနဲ့ အေရီရန်နာတို့က အကြွေးကင်းကင်းနဲ့ ဘွဲ့ယူရဖို့ မျှော်လင့်ထားပါတယ်။ လူငယ်တွေအတွက် သူတို့ရဲ့အကြံပြုချက်က ပညာရေးမှာ တော်အောင်ကြိုးစားမယ်ဆိုရင် သင်ကို သေချာပေါက် သတိထားမိခံရနိုင်တယ်ဆိုတာပါပဲ။ “သင် ဘယ်တော့မှမဖြစ်နိုင်ဘူးလို့ မထင်ပါနဲ့။ ဖြစ်နိုင်ပါတယ်။ ဘယ်သူကစောင့်ကြည့်နေတယ်ဆိုတာ သင် ဘယ်တော့မှ မသိပါဘူး”။

Ref: Twins accepted to 38 colleges with $1M in scholarships hope to become nurses

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top