တွစ်တာကို ဒေါ်လာ ၄၄ ဘီလျံနဲ့ ဝယ်ယူဖို့ သဘောတူညီမှုရရှိခဲ့တဲ့ အီလွန်မာ့စ်

26-4-2022-yyl-05.jpg

တွစ်တာက ကုမ္ပဏီကို ဒေါ်လာ ၄၄ ဘီလျံနဲ့ ဝယ်ယူမယ့် အီလွန်မာ့စ်ရဲ့ကမ်းလှမ်းချက်ကို သဘောတူလိုက်ပါပြီ။ မကြာသေးခင်က အီလွန်မာ့စ်ဟာ တွစ်တာကုမ္ပဏီကြီးကို အပြည့်အဝထိန်းချုပ်မယ့် သူ့ရဲ့ရည်ရွယ်ချက်ကို ကြေညာခဲ့ပါတယ်။ အခုတော့ သူ စီစဉ်ထားသလိုပဲ တွစ်တာကို ဝယ်ယူဖို့က နောက်ဆုံးအဆင့်အထိရောက်ရှိသွားပါပြီ။ အခုနှစ်အစောပိုင်းမှာ အီလွန်မာ့စ်က တွစ်တာကုမ္ပဏီရဲ့ ရှယ်ယာ ၉.၂ ရာခိုင်နှုန်း ရယူပြီးနောက် ကုမ္ပဏီမှာ အကြီးဆုံးရှယ်ယာရှင်ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ အခုလမှာ သူက တွစ်တာကို အပြည့်အဝထိန်းချုပ်ဖို့အတွက် ရှယ်ယာတစ်ခုကို ဒေါ်လာ ၅၄.၂၀ နဲ့ ဝယ်ယူမယ်လို့ ကုမ္ပဏီကို ကမ်းလှမ်းခဲ့ပါတယ်။

တွစ်တာရဲ့သဘောတူညီချက်ကို ကြေညာတဲ့ ထုတ်ပြန်ချက်မှာ “လွတ်လပ်စွာ ပြောဆိုတာက လည်ပတ်နေတဲ့ ဒီမိုကရေစီရဲ့အခြေခံအုတ်မြစ်ဖြစ်ပြီး တွစ်တာက လူသားမျိုးနွယ်ရဲ့အနာဂတ်အတွက် အရေးပါတဲ့ ကိစ္စတွေကို ဆွေးနွေးငြင်းခုံကြတဲ့ ဒီဂျစ်တယ်မြို့ဖြစ်ပါတယ်။ တွစ်တာကို အခင်းအကျင်းအင်္ဂါရပ်အသစ်တွေ မြှင့်တင်ပေးကာ ယုံကြည်မှု ပိုပြီးတိုးလာအောင် ပြဿနာရပ်တွေ ဖြေရှင်းဖို့၊ အသုံးပြုတွေကို အနှောင့်အယှက်ပေးတဲ့ Spam Bots တွေကို ဖယ်ရှားဖို့နဲ့ လူသားအားလုံးအတွက် စစ်မှန်ကြောင်းပြဖို့ ယခင်ကထက် ပိုကောင်းလိုပေးချင်ပါတယ်။ တွစ်တာက ကြီးမားတဲ့အလားအလာရှိပါတယ်။ ဒါကို ဖွင့်ပေးဖို့ ကုမ္ပဏီနဲ့ အသုံးပြုသူအဖွဲ့အစည်းတွေနဲ့အတူ လုပ်ကိုင်ဆောင်ရွက်သွားဖို့ မျှော်လင့်နေပါတယ်” လို့ အီလွန်မာ့စ်က ပြောပါတယ်။

တွစ်တာရဲ့ဘုတ်အဖွဲ့ဉက္ကဌ ဘရတ် တေလာ (Bret Taylor) က “ကုမ္ပဏီဘုတ်အဖွဲ့က အီလွန်ရဲ့အဆိုပြုချက်ကို တန်ဖိုး၊ သေချာမှုနဲ့ ငွေကြေးထောက်ပံ့မှုအပေါ် အလေးထားအကဲဖြတ်ပြီး ပြီးပြည့်စုံအောင် လုပ်ကိုင်ဆောင်ရွက်ခဲ့ပါတယ်။ အဆိုပြုထားတဲ့အရောင်းအဝယ်က များပြားငွေသားပရီမီယံနဲ့ ပေးဆောင်မှာဖြစ်ပြီး တွစ်တာရဲ့စတော့ရှယ်ယာရှင်တွေအတွက် အကောင်းဆုံးရှေ့ဆက်လမ်းဖြစ်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်” လို့ ပြောပါတယ်။

“တွစ်တာက ကမ္ဘာတစ်ခုလုံးကို အကျိူးသက်ရောက်စေတဲ့ရည်ရွက်ချက်ရှိပါတယ်။ ကျွန်တော်တို့ရဲ့အဖွဲ့သားတွေအတွက် အရမ်းဂုဏ်ယူတယ်” လို့ တွစ်တာစီအီးအို ပါရက်ချ် အာဂါဝယ်လ် (Parag Agrawal) က ပြောပါတယ်။ တွစ်တာကို ဝယ်ယူလိုတဲ့ ရည်ရွယ်ချက်ကို အီလွန်မာ့စ်မျှဝေခဲ့တဲ့အချိန်က လူတော်တော်များများက ဒါဟာ သူ့ရဲ့ကြီးကျယ်လွန်းတဲ့ တောင်းဆိုချက်တစ်ခုဖြစ်တယ်လို့ ထင်မှတ်ခဲ့ကြပါတယ်။

Ref: Ladbible “Twitter Announces $44 Billion Agreement With Elon Musk”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top