မိဘတွေက ကလေး လိမ်မပြောအောင် ဘယ်လိုလုပ်ဆောင်မလဲ

24-2-2022-yyl3.jpg

ကလေးတွေ ဘာလို့ လိမ်ပြောတာလဲ။ ကလေးတွေက အကြောင်းအရင်းအမျိုးမျိုးနဲ့ လိမ်ပြောတတ်ကြပါတယ်။ တစ်ခါတလေ သူတို့တွေက တမင်တကာ လိမ်ပြောကြသလို တစ်ခါတလေကျတော့လည်း သူတို့ မရည်ရွယ်ဘဲ လိမ်ပြောမိကြတာပါ။ ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် ကလေးတွေ လိမ်ပြောတာကို ရပ်တန့်ပစ်ဖို့နဲ့ လိမ်ပြောတာ အကျင့်ကြီးမဖြစ်သွားဖို့ ကာကွယ်ရမှာက မိဘတွေရဲ့တာဝန်ပါပဲ။

မိဘတွေကိုယ်တိုင်က သားသမီးတွေအတွက် စံပြနမူနာကောင်းဖြစ်ပါစေ

ကလေးတွေက မိဘတွေ လုပ်တဲ့၊ ပြုမူတဲ့ အရာတွေကို ကြည့်ပြီး လိုက်လုပ်တတ်ကြပါတယ်။ သင်က သားသမီးတွေကို လိမ်မပြောစေချင်ရင် သူတို့ရှေ့မှာ လိမ်မပြောမိအောင် ရှောင်ပါ။ ရိုးရိုးသားသားပြောဆိုပြုမူပေးပါ။

လိမ်ပြောတာ ဘာလို့မကောင်းတာဆိုတာကိုလည်း ပြောဆိုဆွေးနွေးပေးပါ

ကလေးငယ်လေးတွေက လိမ်ပြောတာရဲ့ဆိုလိုရင်းကို နားမလည်ကြပါဘူး။ မိဘတွေက အမှန်အတိုင်းပြောတာနဲ့ လိမ်ပြောတာကြားက ခြားနားချက်ကို ပြောပြပေးရမှာဖြစ်ပါတယ်။

ကလေးတွေကို သတိပေးပါ

လိမ်ပြောတာမကောင်းတာကို ပြောပြရှင်းပြပြီးတာတောင် သင့်ကလေးက လိမ်ပြောနေသေးတယ်ဆိုရင် ကလေးတွေကို လိမ်မပြောဖို့ သတိပေးပြီး လိမ်ပြောတာရဲ့အကျိုးဆက်တွေကို နောက်ထပ် ရှင်းပြပေးရမှာပါ။

ရိုးသားမှုကို မြှင့်တင်အားပေးပါ

သင့်ကလေးက သင့်ကို သူတို့ အလွယ်တကူလိမ်ပြောလို့ရတဲ့ အရာတစ်ခုခုနဲ့ပတ်သက်ပြီး အမှန်တရားကို ပြောတဲ့အခါ အခုလိုအမှန်အတိုင်းပြောတဲ့အတွက် သူတို့ကို ချီးကျူးပြောဆိုပေးပါ။ ပိုပြီး ရိုးသားမှုရှိဖို့ သူတို့တွေကို မြှင့်တင်အားပေးရမှာဖြစ်ပါတယ်။

ကြမ်းကြမ်းတမ်းတမ်းမဆက်ဆံပါနဲ့

သင့်ကလေးတွေက အမှားတစ်ခုခုလုပ်မိတဲ့အခါ ကြမ်းကြမ်းတမ်းတမ်းမဆက်ဆံပါနဲ့။ ဒေါသမထွက်ဘဲ အေးအေးဆေးဆေးပြောဆိုဆုံးမပေးပါ။ ဒါမှ သူတို့အမှားတစ်ခုခုလုပ်မိတဲ့အခါတိုင်း လိမ်မပြောဘဲ အမှန်အတိုင်းဖွင့်ပြောအောင် ကူညီပေးပါလိမ့်မယ်။

အမှန်တရားပြောလာဖို့ အားပေးတိုက်တွန်းပါ

သင့်ကလေး လိမ်နေတယ်ဆိုတာ သင် သိရင် ကြမ်းကြမ်းတမ်းတမ်းမပြုမူဘဲ သင့်ကလေးကို အမှန်တရားထုတ်ပြောလာအောင် တိုက်တွန်းပြောဆိုကြည့်ပါ။ သင့်ကလေး သူ့ရဲ့အမှားကို လက်ခံလာဖို့အတွက် သင် စနောက်သလို ပြောဆိုလို့ရပါတယ်။

ကျွမ်းကျင်သူတွေဆီ အကူအညီတောင်းကြည့်ပါ

လိမ်မပြောဖို့ ခဏခဏသတိပေးနေတာတောင် သင့်ကလေးက လိမ်ပြောနေတုန်းဆိုရင် ကျွမ်းကျင်သူတွေရဲ့အကူအညီကို ရှာပါ။ လိမ်ပြောတာ အကျင့်တစ်ခုလို ဖြစ်မသွားခင် မြန်မြန် အကူအညီတောင်းခံလေလေ သင့်ကလေးအတွက် အကောင်းဆုံးဖြစ်လာလေလေပါပဲ။

Ref: How to stop your child from lying

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top