တွစ်တာကုမ္ပဏီက ဝန်ထမ်းတွေကို Work from Home ရာသက်ပန်လုပ်ခွင့်ပေးတော့မယ်

13-5-2020-yyl-033.jpg

တွစ်တာကုမ္ပဏီက Work from Home စည်းမျဉ်းကို တိုးမြှင့်လိုက်ပြန်ပါပြီ။ တိုးမြှင့်လိုက်တဲ့ သက်တမ်းကတော့ ထာဝရပါတဲ့။ တွစ်တာကုမ္ပဏီစီအီးအို ဂျက်ဒေါ်ဆေး (Jack Dorsey) က COVID-19 ကပ်ရောဂါကြီး ပြီးသွားရင်တောင် ဝန်ထမ်းတွေကို ထာဝရ အိမ်ကနေအလုပ်လုပ်ခွင့်ပေးတယ်ဆိုတဲ့အကြောင်း မေလ (၁၂) ရက်နေ့က ဝန်ထမ်းတွေကို Mail ပို့ခဲ့တယ်လို့ သိရပါတယ်။ ရုံးလာဖို့ လိုအပ်တဲ့ ဝန်ထမ်းတွေကတော့ လူကိုယ်တိုင်ရှိဖို့လိုတဲ့ ဆာဗာတွေကို ထိန်းပေးတဲ့သူတွေပါပဲ။

ဒေါ်ဆေးဟာ ဗိုင်းရပ်စ်မဖြစ်ပွားခင်က နယ်ပယ်အသီးအသီးခွဲဝေလုပ်ဆောင်မယ့် ကုမ္ပဏီရဲ့ရည်ရွယ်ချက်ကို ကြေညာခဲ့ဖူးပါတယ်။ ဒါပေမဲ့ ကပ်ရောဂါကြီးက ကုမ္ပဏီရဲ့အစီအစဉ်ကို ပြောင်းလဲဖို့ဖြစ်လာစေခဲ့ပါတယ်။ တွစ်တာက မတ်လအစောပိုင်းမှာ ဝန်ထမ်းတွေကို အိမ်ကနေအလုပ်လုပ်စေခဲ့ပါတယ်။ အဲဒါက ကိုရိုနာဗိုင်းရပ်စ်ဟာ အမေရိကန်နိုင်ငံတစ်ဝှမ်းမှာ စတင်ပျံ့နှံ့လာတဲ့အချိန်ပါပဲ။ Microsoft, Google, Amazon ကုမ္ပဏီတွေကလည်း Work from Work စီမံချက်တွေကို လုပ်ဆောင်ခဲ့ရပါတယ်။ အလုပ်ဖွဲ့စည်းတည်ဆောက်ပုံမှာ သေချာပေါက် အတူတူဖြစ်မှာမဟုတ်ဘူးလို့လည်း မတ်လမှာ တွစ်တာရဲ့Hr က ပြောပါတယ်။ “အလုပ်လုပ်ရမှာ နှုတ်နည်းတဲ့သူတွက အဲဒီနည်းနဲ့ တကယ်ကို ရပ်တည်နိုင်တယ်ဆိုတာ တွေ့ရမှာပါ။ အဝေးမှာရှိနေတဲ့အဖွဲ့သားတွေကို စီမံခန့်ခွဲနိုင်မယ်လို့ မထင်တဲ့မန်နေဂျာတွေကတော့ သူတို့မှာ အမျိုးမျိုးသော ရှုထောင့်ကနေ ကြည့်ပါလိမ့်မယ်” လို့ ပြောပါတယ်။

ဒေါ်ဆေးရဲ့Email မှာ တွစ်တာက ရုံးတွေကို စက်တင်ဘာလမတိုင်ခင် ဖြစ်ဦးမှာမဟုတ်ဘူးလို့ပြောပါတယ်။ အလုပ်ကိစ္စနဲ့ခရီးသွားတာကိုလည်း ဖျက်သိမ်းထားမှာဖြစ်ပြီး တစ်နှစ်လုံး ကုမ္ပဏီက Eventပွဲတွေအားလုံးကိုလည်း ဖျက်သိမ်းထားမယ်လို့ဆိုပါတယ်။ အိမ်ကနေအလုပ်လုပ်တာရဲ့အပိုကုန်ကျစရိတ်ကို ညှိပေးဖို့ ဝန်ထမ်းတွေကို ကူညီတဲ့အနေနဲ့ တွစ်တာက ဝန်ထမ်းတွေအားလုံးကို အိမ်ကနေအလုပ်လုပ်တဲ့အတွက် ထောက်ပံ့ကြေး အမေရိကန်ဒေါ်လာ ၁၀၀၀ တိုးပေးလိုက်ပါတယ်။ “ကျွန်တော်တို့ရဲ့ပထမဆုံးကုမ္ပဏီတွေထဲက တစ်ခုကို အိမ်ကနေအလုပ်လုပ်တဲ့ပုံစံပြောင်းလဲဖို့ အရမ်းအတွေးများခဲ့ပါတယ်။ ကျွန်တော်တို့ ဆက်လက်လုပ်ဆောင်ရမယ်။ ကျွန်တော်တို့ရဲ့လူတွေနဲ့ အသိုင်းအဝိုင်းတွေ လုံခြုံစိတ်ချရဖို့က အရင်ဆုံး လုပ်ဆောင်ရမှာပါ” လို့ တွစ်တာရဲ့ပြောရေးဆိုခွင့်ရှိသူက BuzzFeed News ကို ပြောပါတယ်။

Ref: Twitter to allow employees to work from home forever

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top