မိုက်တိုင်ဆန်ကို ပြန်ကိုက်ပြီး လက်စားချေချင်ခဲ့တယ်လို့ ဟိုလီဖီးလ် ပြော

27-5-2020-yyl-021.jpg

မိုက်တိုင်ဆန်က သူ့နားရွက်ကို ကိုက်လိုက်ချိန်မှာ သူ့ပါးကို ပြန်ကိုက်ပြီး ချက်ချင်းလက်တုံ့ပြန်ချင်ခဲ့တယ်လို့ ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံဟောင်း အီဗန်ဒါဟိုလီဖီးလ်က ပြောပါတယ်။ ၁၉၉၆ ခုနှစ်က ထိုးသတ်ခဲ့တဲ့ပွဲစဉ်မှာ အီဗန်ဒါဟိုလီဖီးလ်က ထင်ကြေးတွေကို တက်တက်စင်အောင် လွဲချော်စေခဲ့ပြီး သံမဏိမိုက်တိုင်ဆန်ဆီက WBA ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံခါးပတ်ကို လွှဲပြောင်းရယူခဲ့ပါတယ်။ အဲဒီအတွက် နောက်တစ်နှစ်အကြာမှာ သူတို့နှစ်ယောက် စိတ်မကျေပွဲ ထိုးခဲ့ကြပြီး ဒီပွဲမှာ မိုက်တိုင်ဆန်က ဟိုလီဖီးလ်ရဲ့ နားရွက်ကို ကိုက်ခဲ့တာပါ။

” သူက ကျွန်တော့်နားရွက်ကို ကိုက်တယ်။ ကျွန်တော် စိတ်ထိန်းမရအောင်ဖြစ်သွားတယ်။ သူ့ကိုလည်း ပြန်ကိုက်ချင်တယ်။ ဒါပေမဲ့ ကျွန်တော် ပြန်ကိုက်လိုက်ရင် လက်ဝှေ့လောက ဘာဖြစ်သွားမလဲလို့ စဉ်းစားကြည့်တယ်။ အကောင်းဆုံးလက်ဝှေ့သမားနှစ်ယောက် အပြန်အလှန် ကိုက်ကြ၊ ခေါင်းနဲ့ဝှေ့ကြတဲ့ဖြစ်ရပ်ကြောင့် လက်ဝှေ့အားကစား အဆုံးသတ်သွားနိုင်တယ်။ အဲဒီလိုဆိုရင် အခုချိန်မှာ လက်ဝှေ့အကြောင်း ပြောလို့ရမှာတောင် မဟုတ်တော့ဘူး”လို့ ဟိုလီဖီးလ်က ပြောပါတယ်။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top