”သားလေးက ကျွန်မတို့ရဲ့ ပျော်ရွှင်မှုပါပဲ”

17-6-2022-yyl08.jpg

ဗီယက်နမ်နိုင်ငံက ကြည်နူးဆွတ်ပျံ့ဖွယ် မိသားစုတစ်စုရဲ့ ပုံရိပ်တွေကို ဓာတ်ပုံဆရာက လျှပ်တပြက် ရိုက်ကူးမှတ်တမ်းတင်ခဲ့တာပါ။ ငိုဘောင်ဒုန်က ဆင်ခြေထောက်ရောဂါကြောင့် ဘယ်ဘက်ခြေထောက် ဖြတ်ခဲ့ရပြီး ခြေတုတပ်ထားရသူပါ။ သူက အလွတ်တန်း ဗီဒီယိုအယ်ဒီတာ ဖြစ်ပါတယ်။ လီသူသီငုယင်ကတော့ ၁၀ နှစ်သမီးအရွယ်မှာ မြေတူးစက်နဲ့ ကြိတ်မိခဲ့လို့ ညာဘက်ခြေထောက်တစ်ဖက် ဆုံးရှုံးခဲ့သူပါ။

သူတို့နှစ်ယောက်လုံးဟာ ခြေထောက်တစ်ဖက်စီ မရှိကြလို့ ခက်ခက်ခဲခဲ ရုန်းကန်ရပေမဲ့ ဘဝကို အရှုံးမပေးခဲ့ကြပါဘူး။ ငိုဘောင်ဒုန်က မာရသွန်ပြေးတယ်၊ ရေကူးတယ်၊ သစ်ပင်တက်တယ် . . .အစရှိတဲ့ အားကစားလှုပ်ရှားမှုတွေမှာ ပါဝင်လေ့ရှိသူပါ။ ဖေ့ဘွတ်ခ်ပေါ်က သူ့ဓာတ်ပုံတွေကို တွေ့ပြီး လီသူသီငုယင်က စိတ်ဝင်စားသွားခဲ့ပါတယ်။

ဖေ့ဘွတ်ခ်ဖူးစာနဲ့ပဲ ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၁၂ ရက်နေ့မှာ သူတို့အိမ်ထောင်ပြုခဲ့ကြပြီး နိုဝင်ဘာလ ၁၇ ရက်မှာ သူတို့ရဲ့သားလေး မင်ထရီဒုန်ကို မွေးဖွားခဲ့ပါတယ်။ သူတို့လင်မယား နှစ်ယောက်လုံးက ခြေထောက်တစ်ဖက်စီ မရှိကြလို့ ကလေးကို ပြုစုရာမှာ အခက်အခဲတွေ ကြုံပေမဲ့ သားလေးအတွက် ကောင်းမွန်တဲ့ ပတ်ဝန်းကျင် ဖန်တီးပေးနိုင်ဖို့ မျှော်လင့်ချက်နဲ့ပဲ တစ်နေ့ချင်းစီကို ကျော်ဖြတ်နေကြပါတယ်။

” သားလေးက ကျွန်မတို့ရဲ့ ဆေးဝါး၊ ကျွန်မတို့ရဲ့ ပျော်ရွှင်မှုပါပဲ။ သူ့ကြောင့်ပဲ အလုပ်ကြိုးစားပြီး ကောင်းမွန်တဲ့ဘဝတစ်ခု တည်ဆောက်ဖို့ စိတ်ဓာတ်ခွန်အား ဖြစ်ရပါတယ်” လို့ လီသူသီငုယင်က ဆိုပါတယ်။

Ref:‘He’s Our Joy’: Young Amputee Couple Share Their Journey of Raising Toddler Son

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top