နှလုံးမရှိဘဲ ၅၅၅ ရက်ကြာ အသက်ရှင်ခဲ့သူ

14.3.2023-yyl-iamge-1.jpg

အမေရိကန်နိုင်ငံသား စတန်းလာကင်ဟာ cardiomyopathy ဆိုတဲ့ မွေးရာပါ နှလုံးရောဂါ ခံစားခဲ့ရသူပါ။ နှလုံးကြွက်သား ကြီးထွားလာပြီး သွေးလည်ပတ်အောင် မလုပ်ပေးနိုင်တော့တဲ့ အခြေအနေကြောင့် ၂၀၁၄ ခုနှစ် နိုဝင်ဘာလမှာ နှလုံးကို ခွဲစိတ်ဖယ်ရှားခဲ့ရပါတယ်။

အဲဒီနောက်မှာတော့ အလေးချိန် ၁၃ ပေါင်ရှိတဲ့ နှလုံးစက်ကို ကျောပိုးအိတ်ထဲ ထည့်ပြီး သူ သွားလေရာ ယူသွားခဲ့ရတာပါ။စတန်းလာကင်ဟာ နှလုံးမရှိဘဲ ၅၅၅ ရက်ကြာ နေထိုင်ခဲ့ပြီးနောက် ၂၀၁၆ ခုနှစ် မေလ ၉ ရက်မှာတော့ မစ်ချီဂန်တက္ကသိုလ် ဖရန်ကယ်နှလုံးစင်တာမှာ နှလုံးအစားထိုး ခွဲစိတ်မှုလုပ်ခဲ့တာပါ။

Ref: Heartless but not defeated: Man lives without a heart for 555 days

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top