အိန္ဒိယမှာ တိရစ္ဆာန်တွေ လမ်းကူးနိုင်စေဖို့ ကြိုးတံတား တည်ဆောက်ပေး

2-12-2020-yyl-004.jpg

အိန္ဒိယနိုင်ငံရဲ့ တောင်တန်းထူထပ်တဲ့ ဥတ္တာရာခန်းပြည်နယ် အဝေးပြေးလမ်းပေါ်မှာ တွားသွားသတ္တဝါတွေနဲ့ တခြားတိရစ္ဆာန်ငယ်တွေ ဖြတ်သန်းသွားလာနိုင်ဖို့ သစ်တောအရာရှိတွေက ကြိုးတံတားတစ်စင်း တည်ဆောက်ပေးခဲ့ပါတယ်။ ပေ ၉၀ ရှည်လျားတဲ့ အဲဒီတံတားကို ဝါး၊ ဂုန်လျှော်၊ မြက်ပင်တွေ အသုံးပြုထားပြီး ဂေဟတံတားလို့ တင်စားခေါ်ဝေါ်နေကြပါတယ်။ ဥတ္တာရာခန်းပြည်နယ်မှာ ခရီးသွားတွေကြား ရေပန်းစားတဲ့ နိုင်နီတယ်အပန်းဖြေစခန်းကို ဖောက်ထားတဲ့ လမ်းပေါ်မှာ အရှိန်လွန်မောင်းနှင်လာတဲ့ ကားတွေကြောင့် တိရစ္ဆာန် တော်တော်များများ သေခဲ့ကြပါတယ်။

အခုချိန်မှာ ကြိုးတံတားပေါ်ကနေ တိရစ္ဆာန်တွေ လမ်းကူးကြစေဖို့အတွက် အရာရှိတွေက တံတားပေါ်မှာ သစ်ပင်တွေ၊ မြက်ပင်တွေစိုက်ပြီး ဆွဲဆောင်နေကြပါတယ်။ လောလောဆယ်မှာတော့ အဲဒီကြိုးတံတားက လမ်းသွားလမ်းလာတွေကို ဆွဲဆောင်နေပြီး ဓာတ်ပုံရိုက်သူတွေ၊ ဆယ်ဖီရိုက်သူတွေနဲ့ စည်ကားနေပါတယ်။ သိပ်မကြာခင် တိရစ္ဆာန်တွေလည်း တံတားပေါ်ကနေ ဖြတ်သန်းသွားလာကြလိမ့်မယ်လို့ သစ်တောဦးစီးဌာနက မျှော်လင့်နေပါတယ်။

Ref: BBC “India builds bridge to help reptiles cross road”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top