အိန္ဒိယမှာ ရထားအကြိတ်ခံရလို့ပြတ်သွားတဲ့လက်ကို ခွဲစိတ်မှုတွေပြုလုပ်ပြီးပြန်ဆက်ပေးနိုင်ခဲ့

arm.png

ပြတ်ထွက်သွားတဲ့လက်ကို ခွဲစိတ်ကုသမှုတွေပြုလုပ်ပြီး ပြန်ဆက်ပေးနိုင်ခဲ့တဲ့အဖြစ်က တကယ့်ကို အံ့သြဝမ်းသာစရာအဖြစ်တစ်ခုပဲဖြစ်ပါတယ်။ ဒီအဖြစ်အပျက်က အိန္ဒိယနိုင်ငံအနောက်ပိုင်း၊ မွမ်ဘိုင်းမြို့က အမျိုးသားတစ်ဦး ကြုံတွေ့ခဲ့တဲ့အဖြစ်ပါ။

ညဆိုင်းအလုပ်ဆင်းဖို့သွားခဲ့တဲ့ Ahmedabad Gujarat ဆိုသူအမျိုးသားဟာ ရထားလမ်းဘေး ပလက်ဖောင်းမှာရပ်နေစဉ် ရုတ်တရက်ချော်လဲကျခဲ့ပြီး ရထားလမ်းနဲ့ ပလက်ဖောင်းအကြားကို ပြုတ်ကျသွားခဲ့ပါတယ်။ အဲဒီနောက်တော့ ဖြတ်မောင်းသွားတဲ့ရထားက သူ့ရဲ့ညာဘက်လက်မောင်းကို ကြိတ်မိခဲ့ပြီး တံတောင်ဆစ်နေရာလောက်ကနေ တိတိပပပြတ်ထွက်သွားခဲ့တာပါ။

ဒါကြောင့် Gujarat ကို သူ့မိတ်ဆွေတွေက ဆေးရုံဆီအမြန်ပို့ဆောင်ပေးခဲ့ကြပြီး သူရဲ့လက်မောင်းပြတ်ကိုလည်း ပလပ်စတစ်အိတ်နဲ့ထုပ်ပြီး ယူသွားပေးခဲ့ကြပါတယ်။ ဆေးရုံရောက်သွားတဲ့အခါမှာ ဆရာဝန်တွေက သူ့လက်ကိုပြန်ဆက်ပေးနိုင်ဖို့ ပလပ်စတစ်ဆာဂျရီနည်းနဲ့ (၇) နာရီကြာ ကြိုးစားပမ်းစား ခွဲစိတ်ကုသပေးခဲ့ကြပါတယ်။ ဆရာဝန်တွေရဲ့ကြိုးပမ်းမှုကြောင့် အဲဒီခွဲစိတ်ကုသမှုကအောင်မြင်သွားခဲ့ပြီး အရေပြားတွေကိုပြန်ဆက်ဖို့အတွက် ခွဲစိတ်မှုတွေကို ဆက်လက်လုပ်ဆောင်နိုင်ခဲ့ပါတယ်။

ခွဲစိတ်ကုသမှုကအောင်မြင်သွားခဲ့ပြီး အရေပြားတွေကိုပြန်ဆက်ဖို့အတွက် ခွဲစိတ်မှုတွေကို ဆက်လက်လုပ်ဆောင်နိုင်ခဲ့

ဒေါက်တာ Nitin Ghag က “ဘယ်လို ခန္ဓာကိုယ်အစိတ်အပိုင်းပြတ်တောက်မှု၊ ဖြတ်တောက်လိုက်ရမှုမဆို လူနာရဲ့ ဘဝရှင်သန်မှုကို ကြီးကြီးမားမားအကျိုးသက်ရောက်မှုရှိတာချည်းပါပဲ။ အလုပ်လုပ်တာနဲ့ နေ့စဉ်ပြောဆိုဆက်သွယ်တာတွေမှာပေါ့” လို့ပြောပြခဲ့ပြီး ” ဒီအဖြစ်မျိုးက တကယ်ထိတ်လန့်တုန်လှုပ်စရာကိစ္စမျိုးဖြစ်ပြီး လူနာရဲ့ဘဝရှင်သန်ရပ်တည်မှုကိုလည်း ခက်ခဲသွားစေနိုင်တာကြောင့် ဒီလိုထိခိုက်ဒဏ်ရာတွေနဲပတ်သက်လာရင် ပြန်ကောင်းအောင်ကုသပေးမလား လုံးဝဖြတ်တောက်ပစ်လိုက်မလား ဆိုတဲ့အခြေအနေနှစ်ရပ်အကြား မြန်မြန်ဆန်ဆန် ဆုံးဖြတ်နိုင်ဖို့လိုပါတယ်” လို့ ထပ်ပြီးရှင်းပြခဲ့ပါတယ်။

Ref: Dailymail “Father, 28, whose entire right arm was torn off by a train in India undergoes pioneering surgery to have it reattached”
TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top