ရွေးကောက်ပွဲအတွင်း အကြမ်းဖက် တိုက်ခိုက်ဖို့ ကြံစည်သူ ၁၅ ဦးကို မလေးရှား ရဲတပ်ဖွဲ့ ဖမ်းဆီး

sabah-terror-3.jpg

မလေးရှား အကြမ်းဖက်မှု တိုက်ဖျက်ရေး ရဲတပ်ဖွဲ့ဟာ ပြီးခဲ့တဲ့လက ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲအတွင်း မွတ်စလင်မဟုတ်တဲ့ မဲပေးသူတွေကို တိုက်ခိုက်ဖို့ စီစဉ်ထားတဲ့ အကြမ်းဖက်သမားလို့ သံသယရှိသူ ၁၅ ဦးကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ စုံစမ်း စစ်ဆေးရေးရဲတပ်ဖွဲ့အကြီးအကဲ ရဲချုပ် မိုဖူဇီဟာရမ်က ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

အဲဒီ ဖမ်းဆီးရမိခဲ့သူတွေထဲမှာ အမျိုးသမီးတစ်ဦး ပါဝင်နေကြောင်း၊ အဲဒီအမျိုးသမီးဟာ ကားတစ်စီးကို အသုံးပြုပြီး ရွေးကောက်ပွဲကာလအတွင်း မွတ်စလင်မဟုတ်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်ဖို့ စီစဉ်နေခဲ့တာဖြစ်တယ်လို့ ဟာရမ်က ပြောဆိုခဲ့ပါတယ်။ အဲဒီအမျိုးသမီးဟာ ပေါက်ကွဲမှု ပြင်းထန်စေဖို့ ကားကို ဂက်စ်အိုးတွေ တပ်ဆင်ဖို့လည်း စီစဉ်ခဲ့ကြောင်းသိရပါတယ်။

မလေးရှား အကြမ်းဖက် တိုက်ဖျက်ရေးရဲတွေဟာ မတ်လ ၂၇ ရက်ကနေ မေလ ၉ ရက် အထိ ကွာလာလမ်ပူ၊ ဆီလမ်ဂေါ၊ ဂျိုဟိုး ၊ ကီလီတန် နဲ့ ဆာဘတ်မြို့တွေမှာ အကြမ်းဖက်သမားတွေကို စီနင်းရှာဖွေခဲ့ကြပါတယ်။ အဲဒီလိုမျိုး စီနင်းချိန်အတွင်း အကြမ်းဖက် တိုက်ခိုက်ဖို့ သံသယရှိသူ ၁၇ နှစ် အရွယ် ကျောင်းသားတစ်ဦးကိုလည်း ဖမ်းဆီးနိုင်ခဲ့ပါသေးတယ်။ အဲဒီကျောင်းသားဟာ ကွာလာလမ်ပူမြို့အနီးက ဟိန္ဒူဘုရားကျောင်း၊ ဖျော်ဖြေရေးစင်တာ တွေနဲ့ ခရစ်ယာန် ဘုရားကျောင်းတွေကို တစ်ဦးတည်း တိုက်ခိုက်ဖို့ စီစဉ်နေခဲ့တယ်လို့ ရဲချုပ် ဟာရမ်က ပြောခဲ့ပါတယ်။

အသက် ၁၇ နှစ်အရွယ် ကျောင်းသားဟာ နေရာအများပြားကို ဗွီဒီယိုဖိုင် ရိုက်ကူးကာ စုံစမ်းလေ့လာမှုတွေ လုပ်ခဲ့ပြီး တိုက်ခိုက်မှု ပြုလုပ်မယ့်အကြောင်းကို ဗွီဒီယိုဖိုင်ကတစ်ဆင့် သတိပေးမှုတွေ လုပ်ခဲ့ပါတယ်။ တိုက်ခိုက်ဖို့ သတိပေးတဲ့ ရုပ်သံဖိုင်ကို လူမူကွန်ရက်မှာတင်အပြီး တစ်နာရီအကြာမှာပဲ မလေးရှား ရဲတပ်ဖွဲ့က အဲဒီလူငယ်ကို ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်ပါတယ်။

Ref: CNA “Malaysia police arrests 15 terror suspects housewife”

Kaung Htet Ngwe (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top