ရုရှား-အမေရိကန် ဆက်ဆံရေးကောင်းမွန်စေဖို့ အထူးသံတမန်အဖြစ် ခန့်အပ်ခံရတဲ့ မင်းသားကြီး စတီဗင်ဆေးဂဲလ်

bc61e71e995b78311d6a80f43e19440e.jpg

ကမ္ဘာကျော်ရုပ်ရှင်မင်းသားကြီး စတီဗင်ဆေးဂဲလ်ကတော့ အမေရိကန်နဲ့ ရုရှားနိုင်ငံကြား ဆက်ဆံရေးတိုးမြင့်နိုင်ဖို့အတွက် အထူးသံတမန်အဖြစ် ခန့်အပ်ခံလိုက်ရပါပြီ။ စတီဗင်ဆေးဂဲလ်ဟာ ၂၀၁၆ ခုနှစ်က ရုရှားနိုင်ငံသားဖြစ်ခွင့်ရခဲ့ပြီး သမ္မတပူတင်ကို ခေါင်းဆောင်ကောင်းအဖြစ် ချီးကျူးခဲ့ဖူးသူ ဖြစ်ပါတယ်။

ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက အမေရိကန်နဲ့ ရုရှား ဆက်ဆံရေး ကောင်းမွန်စေဖို့ မင်းသားကြီး စတီဗင်ဆေးဂဲလ်ကို သံတမန်အဖြစ်ခန့်အပ်လိုက်ကြောင်း၊ သူအနေနဲ့ လူသားချင်းဆိုင်ရာ လုပ်ငန်းတွေနဲ့ သံတမန်ရေးရာလုပ်ငန်းတွေမှာ တိုးတက်ကောင်းမွန်လာအောင်လုပ်ဆောင်ရမယ်လို့ ပြောခဲ့ပါတယ်။ ရုရှားနဲ့ အမေရိကန်တို့ဟာ အမေရိကန်ရွေးကောက်ပွဲကို ရုရှားက ကြားဝင်စွက်ဖက်မှုတွေရှိတယ်လို့ စွပ်စွဲခဲ့ပြီးနောက် ဆက်ဆံရေးအေးစက်နေခဲ့တာ ဖြစ်ပါတယ်။

မင်းသားကြီး စတီဗင်ဆေးဂဲလ်ဟာ လက်ရှိမှာတော့ လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေရှိတယ်လို့ စွပ်စွဲခံရနေရသူဖြစ်ပါတယ်။ ကမ္ဘာကျော်ဟောလိဝုဒ်မင်းသားဖြစ်တဲ့ စတီဗင်ဆေးဂဲလ်ဟာ ၂၀၁၆ ခုနှစ်မှာကျင်းပတဲ့ အမေရိကန်ရွေးကောက်ပွဲမှာ ရုရှားနိုင်ငံက ကြားဝင်စွက်ဖက်တယ်လို့ စွပ်စွဲမှုတွေနဲ့ ပတ်သက်ပြီး ရုရှားအစိုးရဘက် ခုခံ ကာကွယ်ပြောဆိုနေခဲ့ပါတယ်။

အသက် ၆၆ နှစ်အရွယ်ရှိ မင်းသားကြီးက “ပူတင်ဟာ ကမ္ဘာပေါ်မှာ သက်ရှိ ထင်ရှားရှိနေတဲ့ခေါင်းဆောင်တွေထဲမှာ ခေါင်းဆောင်ကောင်းတစ်ယောက်ပါ။ ပူတင်ဟာ အမေရိကန်နဲ့ ရုရှားနိုင်ငံကြား ဆက်ဆံရေးကောင်းမွန်အောင် လုပ်ဆောင်ဖို့အတွက် အဓိကကျသူလည်းဖြစ်ပါတယ်” လို့ပြောခဲ့ပါတယ်။

Ref: bbc “Actor Steven Seagal made special US-Russia envoy”

Kaung Htet Ngwe(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top