ဒုတိယမြောက်မြန်မာစပါးအုံးမြွေ (သို့)မြန်မာ့လက်ဝှေ့ကြိုးဝိုင်းပေါ်မှာတွေ့ရတော့မယ့် မြန်မာနွယ်ဖွား ဗြိတိန်လက်ဝှေ့မယ်

48420310_279629442751795_6911660251183841280_n.jpg

နိုင်ငံတကာလက်ဝှေ့ပြိုင်ပွဲတွေမှာ မြန်မာကိုယ်စားပြုယှဉ်ပြိုင်ထိုးသတ်ပြီး နာမည်ကြီးနေတေဲ့ အသက် (၂၅) နှစ်အရွယ် မြန်မာနိုင်ငံဖွား ဗြိတိန်လက်ဝှေ့မယ် နစ်ကိုလာ ဘာ့ခ် (Nicola Barke/ Nicola the “Burmese Phython) ဟာ ဒီနှစ်အတွင်း WLC ကကျင်းပမယ့်လက်ဝှေ့ပွဲစဉ်တွေမှာ ပါဝင်ယှဉ်ပြိုင်သွားတော့မှာပါ။ နစ်ကိုလာကိုယ်တိုင်ကလည်း ဒီသတင်းကို သူ့ရဲ့ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ရေးသားအတည်ပြုထားပါပြီ။

နစ်ကိုလာကိုယ်တိုင်ကလည်း ဒီသတင်းကို သူ့ရဲ့ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ရေးသားအတည်ပြုထားပါပြီ

နစ်ကိုလာနဲ့ မြန်မာလက်ခမောင်းကုမ္ပဏီတို့ တရားဝင်စာချုပ်ချုပ်ဆိုထားပြီဖြစ်ပြီး နစ်ကိုလာနဲ့ အရပ်အမောင်း၊ ဝိတ်တန်းတူသူမျိုး ပြည်တွင်းမှာမရှိတာမို့ ပြိုင်ဘက်ကို နိုင်ငံခြားက ရှာရမယ်လို့ မြန်မာလက်ခမောင်းကုမ္ပဏီဥက္ကဋ္ဌ ဦးဇေသီဟက ပြောပြထားပါတယ်။

နစ်ကိုလာရဲ့မိခင်က မြန်မာနိုင်ငံမှာမွေးဖွား ကြီးပြင်းတဲ့ မြန်မာအမျိုးသမီးတစ်ဦးဖြစ်ပြီး နစ်ကိုလာကတော့ ဗြိတိန်မှာပဲ မွေးဖွားကြီးပြင်းခဲ့တာပါ

နစ်ကိုလာရဲ့မိခင်က မြန်မာနိုင်ငံမှာမွေးဖွား ကြီးပြင်းတဲ့ မြန်မာအမျိုးသမီးတစ်ဦးဖြစ်ပြီး နစ်ကိုလာကတော့ ဗြိတိန်မှာပဲ မွေးဖွားကြီးပြင်းခဲ့တာပါ။ ဒါပေမဲ့ နစ်ကိုလာက သူယှဉ်ပြိုင်အနိုင်ယူခဲ့သမျှပွဲတိုင်းမှာ မိခင်ရဲ့နိုင်ငံကိုကိုယ်စားပြုတဲ့ မြန်မာအလံကို လွှင့်ပြီးအောင်ပွဲခံလေ့ရှိပါတယ်။ ဒီလိုအောင်ပွဲခံရတဲ့အကြောင်းကတော့ သူက ဗြိတိန်နိုင်ငံသားဖြစ်ပြီး မြန်မာစကားမတတ်ပေမဲ့လည်း မိခင်ရဲ့မျိုးရိုးစဉ်ဆက်က မြန်မာဖြစ်တာကြောင့်လို့ သူကဆိုပါတယ်။

မြန်မာအလံကို လွှင့်ပြီးအောင်ပွဲခံလေ့ရှိတဲ့အကြောင်းကတော့ မိခင်ရဲ့မျိုးရိုးစဉ်ဆက်က မြန်မာဖြစ်တာကြောင့်လို့ သူကဆိုပါတယ်

တိုက်ကွမ်ဒိုအားကစားမှာ ပရော်ဖက်ရှင်နယ်အဆင့်ရှိတဲ့ နစ်ကိုလာဟာ နိုင်ငံတကာတိုက်ကွမ်ဒိုပြိုင်ပွဲတွေယှဉ်ပြိုင်ခဲ့ရာမှာ ဆုတံဆိပ်ပေါင်း (၃၀) ထိရှိထားပါတယ်။ ဒါ့အပြင် လက်ရှိ ကြေးစားယှဉ်ပြိုင်နေတဲ့ မွေထိုင်းနဲ့ ကစ်ဘောင်ဆင်ပြိုင်ပွဲတွေမှာလည်း ချန်ပီယံခါးပတ်တွေ ရရှိထားသူပါ။ မြန်မာပရိသတ်တွေက သူ့ကိုအားပေးကြတဲ့အတွက် ခွန်အားဖြစ်ရပြီး မြန်မာနိုင်ငံအတွက် ဂုဏ်ယူရအောင်ကြိုးစားသွားမယ်လို့ နစ်ကိုလာက ဆိုထားပါတယ်။

မြန်မာနိုင်ငံအတွက် ဂုဏ်ယူရအောင်ကြိုးစားသွားမယ်လို့ နစ်ကိုလာက ဆိုထားပါတယ်

နစ်ကိုလာရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာနဲ့ သူ့ရဲ့လေ့ကျင့်၊ ယှဉ်ပြိုင်မှုဗီဒီယိုကို အောက်ကလင့်ခ်တွေကနေ သွားရောက် လေ့လာနိုင်ပါတယ်။

https://www.facebook.com/the.burmesepython/
https://bit.ly/2UdlMEL

Ref: Nicola the “Burmese Python” FB, Zay Thiha FB
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top