သင်ဟာ ဘာကြောင့် မပျော်ရွှင်ရတာလဲဆိုတဲ့ အချက် (၈)ချက်

beautiful-sad-girl-at-home-PS4U8QT-e1565674572385.jpg

သင်နောက်ဆုံး ပျော်ရွှင်ခဲ့တဲ့အချိန်က ဘယ်တုန်းကလဲ မှတ်မိသေးလား။ စဉ်းစားကြည့်ပါ။ နောက်ဆုံးအကြိမ်သင့်အတွက် သင် ကောင်းတဲ့အချိန်လေးတွေ ဖန်တီးပေးခဲ့သလဲ။ အဲ့ဒီအချိန်တွေကို မမှတ်မိတော့ဘူးဆိုရင်တော့ အောက်က အချက်လေးတွေကို ကြည့်ပြီးတော့ ဘာကြောင့် မပျော်ရွှင်ရတာလဲဆိုတာတွေ သုံးသပ်ပြီး ပျော်ရွှင်တဲ့ဘဝကို ပြန်ရအောင် ဘယ်လိုလုပ်ကြမလဲဆိုတာ တွေးကြရအောင်နော်။

သင်ဟာ တစ်ခြားသူတွေ ဘယ်လိုတွေးသလဲဆိုတာ စိုးရိမ်နေတယ်

သင်ဟာ လူတွေရှေ့မှာ ရူးကြောင်ကြောင်ကြီးဆိုတဲ့ အမြင်မျိုးရမှာ မလိုလားဘူး။ သူတို့ဟာ သင့်ကို အကဲဖြတ်ကြမှာ ကြောက်နေတယ်။ စဉ်းစားကြည့်ပါ။ အခြားသူတွေဟာ သင်ထင်သလောက် သင့်အကြောင်း အဲ့လောက်နီးနီးကပ် မတွေးကြပါဘူး။ တစ်နည်းအားဖြင့် သင်ဟာစိတ်ဖတ်သူတစ်ဦး မဟုတ်ပါဘူး။ တစ်ခြားသူရဲ့စိတ်ထဲမှာ သင်ဟာဘယ်လိုရှိသလဲဆိုတာသင်မသိပါဘူး။ သူတို့ဟာ သင့်ကို ရူးကြောင်ကြောင်နိုင်တယ်လို့ တွေးပြီးရယ်မောနေရင်တောင်မှ သူတို့ဟာ သင်သိဖို့မလိုတဲ့ လူတွေဖြစ်ပါတယ်။

သင်ဟာ ပိုက်ဆံသုံးဖို့လိုတယ်လို့ တွေးနေမယ်

မှန်ပါတယ်။ ဒါပေမယ့် ဘဝမှာ အကောင်းဆုံးအရာတွေဟာ အခမဲ့ရနိုင်ပါတယ်။ သင်ဟာပျော်ရွှင်ဖို့အတွက် အရာဝထ္ထုတွေကို အများကြီးဝယ်စရာမလိုပါဘူး။ ဈေးကြီးတဲ့ ခရီးတွေကိုသွားစရာမလိုပါဘူး။ သင်ဂရုစိုက်တဲ့လူတွေနဲ့ ကုန်ဆုံးနိုင်တဲ့ အချိန်အခိုက်အတန့် လေးပဲ လိုပါတယ်။ သတင်းစာမှာဖော်ပြထားတဲ့ သို့မဟုတ် Website တွေမှာဖော်ပြထားတဲ့ ငွေအကုန်အကျနည်းနည်းပျော်ရွှင်ဖို့ကောင်းမယ့် ပတ်ဝန်းကျင်က လှုပ်ရှားမှုတွေကို လေ့လာကြည့်လိုက်ပါ။

သင့်ကိုသင် အချိန်မရှိဘူးလို့ တွေးနေတာပါ

ပျော်ရွှင်ဖို့အတွက် အချိန် ရှိကိုရှိပါတယ်။ သင့်မှာအချိန်မရှိဘူး သင်ထင်ရင်တောင် ပျော်ရွှင်တဲ့အချိန်အတွက် ဖယ်ထားပြီး ပေးကိုပေးထားသင့်ပါတယ်။ ပျော်ရွှင်မှုဆိုတာ အခိုက်အတန့် သေးသေးလေးတစ်ခုပါ။ တစ်နေကုန်မကြာပါဘူး။ တစ်ရက်ကို နာရီဝက်လောက် သင်ပျော်ရွှင်ဖို့ အချိန်ပေးနိုင်ပါတယ်။

သင်ဟာ ပျော်ရွှင်ဖို့အတွက် စီစဉ်ဖို့လိုတယ်လို့ တွေးနေပါတယ်

သင်ဟာ အရာရာတိုင်းကို စီစဉ်ပြီးမှ ဆောင်ရွက်တတ်တယ်ဆိုရင် ပျော်ရွှင်စရာ တော်တော်များဟာ မစီစဉ်ထားတဲ့ အခိုက်အတန့်တွေ ဆက်တိုက်ဖြစ်ပွားရာကနေလည်း ဖြစ်လာနိုင်တာကို သိထားဖို့ လိုပါတယ်။ တစ်ချို့အရာတွေကို သဘာဝအတိုင်းဖြစ်လာပါစေ။ ပစ္စုပ္ပန်မှာသာ ရှိနေပါစေ။

သင်ဟာ သူများရဲ့ အမှားတွေကို လေးလေးနက်နက် သဘောထားတယ်

သင့်မှာ ဘဝတစ်ခုတည်းရှိပြီးတော့ အဲ့ဒီဘဝကတိုတောင်းပါတယ်။ အဲ့ဒီဘဝမှာ ပျော်ရွှင်လိုက်ပါ။ တစ်ခုခုကို လေးလေးနက်နက် သဘောထားပြီး အဲ့ဒီအရာထဲကို ဟာသတွေ ထည့်လိုက်တာကလည်း နေ့စဉ်ဘဝမှာလည်း ဖြစ်နိုင်ပါတယ်။ ဥပမာအားဖြင့် လေယာဉ်တွေ စီးမယ်ဆိုရင် အရေးပေါ် သတိပေးချက်တွေကို လေးလေးနက်နက်နဲ့ ပြောတာကို ကြားရမှာဖြစ်ပြီး အဲ့ဒါတွေကိုကြားပြီး စိုးရိမ်ပူပန်နေမယ့်အစား လေယာဉ်ကို ပျော်ပျော်ရွှင်ရွှင်စီးသင့်ပါတယ်။

သင်ဟာ အခြေအနေတွေဟာ မပြည့်စုံဘူးလို့ တွေးနေပါတယ်

လွဲလွဲချော်ချော်ဖြစ်တဲ့အခါမှာလည်း ပျော်ရွှင်မှုတွေကို ကြုံဆုံရပါတယ်။ သင့်ကိုယ်သင် စင်းလုံးချော မပြီးပြည့်စုံနေပါစေ။ ပြီးတော့ အဲ့ဒီဘဝရဲ့ မပြည့်စုံမှုတွေကို ပျော်ရွှင်ခံစားလိုက်ပါ။ လူတွေဟာ မပြည့်စုံတဲ့ သတ္တဝါဖြစ်ပြီးတော့ သင်ဟာလည်း လူတွေထဲကလူပါ။ ကိုယ့်ကိုယ်ကို “ဘယ်အချိန်ကျမှ ငါဟာပျော်ရွှင်မယ်…” ဆိုပြီးတော့ မသတ်မှတ်ထားပါနဲ့။ အခုဘဲ ပျော်ရွှင်လိုက်ပါ။ ပစ္စုပ္ပန်လောက် ကောင်းတဲ့အချိန်ဆိုတာ မရှိပါဘူး။

သင်အတွက် ပျော်ရွှင်ဖို့နေ့ဟာ ကြီးမြတ်ဖို့ လိုအပ်တယ်လို့ ထင်နေတယ်

နေ့တိုင်းဟာ မီးရှူးမီးပန်းတွေနဲ့၊ ပျော်ပွဲရွှင်ပွဲတွေနဲ့ အမြဲတမ်း ကျင်းပနေတာ မဟုတ်ပါဘူး။ သင့်ရဲ့သေးငယ်တဲ့ အခိုက်အတန့်လေးတွေကနေ ပျော်ရွှင်မှုကို ရှာဖွေနိုင်ပါတယ်။ ပျော်ပွဲရွှင်ပွဲ ကြီးကြီးတွေမှ သင်ဟာ ပျော်ရွှင်တတ်မယ်ဆိုရင် သင့်အတွက် ပျော်ဖို့ကောင်းတဲ့အချိန် ရှိမှာမဟုတ်ပါဘူး။ ပျော်ရွှင်မှုဆိုတာ ဖန်တီးယူလို့ရတဲ့အရာပါ။ ဘာပွဲညာပွဲ ကျင်းပမှ မဟုတ်ပါဘူး။ တစ်ခါတစ်ရံ မထင်မှတ်ထားတဲ့ ၅မိနစ် ၁ဝမိနစ် အတွင်းမှာလည်း တွေ့နိုင်ပါတယ်။

သင်ဟာ ပျင်းနေပါတယ်

ဒါဟာ anhedonia ဆိုတဲ့ စိတ်ကျရောဂါရဲ့ လက္ခဏာတစ်ခုဖြစ်ပြီး သင်အရင်တုန်းက လုပ်ဖို့စိတ်လှုပ်ရှားတဲ့အရာတွေအပေါ်မှာ စိတ်ဝင်စားခြင်းမရှိတော့တာတွေ ပါဝင်ပါတယ်။ သင်ဟာ အကြောင်းမဲ့ ပျင်းနေရင်တော့ ဒါဟာ ရွေးချယ်မှုတစ်ခုပါ။ ပြောင်းလဲမှုတွေနဲ့ အခွင့်အလမ်းတွေကို ဖန်တီးလုပ်ဆောင်လိုက်ပါ။ အခုနေရာကနေ ထွက်ပြီး ပျော်ရွှင်မှုကို ဖန်တီးလိုက်ပါ။

Ref: www.stephaniesarkis.com

ကျေးကျေး (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top