အရက်မူးပြီး ကားမောင်းမိလို့ ဖမ်းခံခဲ့ရတဲ့ Cup E မော်ဒယ်လ်

model2.jpg

အင်တာနက်နာမည်ကျော်တစ်ဦးဖြစ်တဲ့ ထိုင်းမော်ဒယ်တစ်ယောက်ဟာ မနေ့ညက ဘန်ကောက်မှာ ညလုံးပေါက် ရှန်ပိန်သောက်ပြီး အရက်မူးနေလျက်နဲ့ ကားမောင်းခဲ့တာကြောင့် အဖမ်းခံခဲ့ရပါတယ်။

မြန်မာပရိတ်သတ်တွေနဲ့လည်း သိပ်မစိမ်းတဲ့ Cup E Model တစ်ဦးဖြစ်သူ နန်သနစ် ဂျိန်း ဆမန်ပရာသန် (Nanthanit “Jane” Samanprathan) ဟာဘန်ကောက်မြို့တွင်း ချမ်ဝပ်သန်နာ လမ်း (Chaeng Watthana Road) ပေါ်ရှိ စစ်ဆေးရေး ဂိတ်တစ်ခုမှာ အရက်မူးရင်း ကားမောင်းခဲ့တဲ့အတွက် အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။ Alcohol စစ်ဆေးရေးကိရိယာအရ ဂျိန်း ရဲ့ အယ်လ်ကိုဟော ပမာဏာဟာ ၁၀၀ မီလီလီတာမှာ ၆၃ မီလီဂရမ်အထိရှိနေပြီး ထိုင်းနိုင်ငံမှာ သွေး ၁၀၀ မီလီလီတာထဲ အယ်လ်ကိုဟောပါဝင်မှု ၅၀ မီလီဂရမ်ကျော်ရင် ဖမ်းဆီးနိုင်တဲ့ ဥပဒေရှိနေပါတယ်။

ဂျိန်းဟာ ထိုင်းဘတ် ၂ သောင်း အာမခံငွေ ချက်ခြင်းသွင်းခဲ့တဲ့အတွက် လွတ်မြောက်ခဲ့ပြီး “ ကျွန်မ သူငယ်ချင်းတစ်ယောက်ရဲ့ မွေးနေ့ပွဲကို သွားခဲ့တာပါ။ ကျွန်မ ဒီလောက်အလွန်အကျွံ မူးသွားလိမ့်မယ်လို့ မထင်ခဲ့ပါဘူး။ ကျွန်မအမှားအတွက် တောင်းပန်ချင်ပါတယ်။ ဒါဟာ ကျွန်မအတွက် ပထမ DUI (Driving under the influence) အမှုလည်း ဖြစ်ပါတယ်။” လို့ T News သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

နန်သနစ်ဂျိန်းဟာ Facebook ပေါ်မှာ Follower ၇ သောင်းခွဲကျော်နဲ့ နာမည်ကျော်တစ်ဦးဖြစ်ပြီး ဂျိန်းဟာ Sexy ဓာတ်ပုံများကိုတင်တဲ့ နာမည်ကျော် Cup E မဂ္ဂဇင်းမှာ ရေကူးဝတ်စုံနဲ့ ဓာတ်ပုံများကို တင်ခဲ့တဲ့အတွက်  နာမည်ကြီးလာခဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။

စောယွမ်း (ရိုးရာလေး)

Ref : News : Cup E’ model arrested for DUI

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top