မြန်မာကျောင်းသား ၃ ယောက်ဖန်တီးထားတဲ့ Coding Planets Android Game

24232534_157240974887092_578579177667205561_n.jpg

Programming အခြေခံ Puzzle ဂိမ်းတစ်ခုဖြစ်တဲ့ Coding Planet ကတော့ (၁၀) ရက်
အတွင်းမှာတင် Download ပြုလုပ်သူအရေအတွက် တစ်ထောင်ကျော်သွားပြီ ဖြစ်ပါတယ်။

UCSY မှ ဒုတိယနှစ်ကျောင်းသား (၂) ယောက်နဲ့ တတိယနှစ်ကျောင်းသား တစ်ယောက်တို့ ပူးပေါင်းဖန်တီးထားတဲ့ အဆိုပါဂိမ်းဟာ Samsung Tech Institute ပြိုင်ပွဲမှာ တတိယဆုရရှိခဲ့ပါတယ်။ Play Style အနေနဲ့ Basic, Function, Loop စတဲ့ Programming အခြေခံ အခန်းသုံးခန်းပါဝင်ပြီး Android Version 5.0 နှင့် အထက်ရှိမှ ဆော့ကစားနိုင်မှာပါ။

Indie Game အမျိုးအစားဖြစ်ပြီး Play Style သာမက Background Music ပါသပ်သပ်ရပ်ရပ် ရှိတဲ့ ရိုးစင်းတဲ့ ဂိမ်းတစ်ခုဖြစ်ပါတယ်။ Programming နယ်ပယ်နဲ့ နီးစပ်တဲ့ သူတွေသာမက သာမန်လူတွေပါ သဘောကျနှစ်ခြိုက်လောက်အောင် အားထုတ်ဖန်တီးထားတာ တွေ့ရပါတယ်။
Coding တွေဝါသနာပါလို့ စမ်းသပ်ကစားလိုပါက အောက်ပါ Link မှာ Download ပြုလုပ်နိုင်ပါတယ်။

Coding Planets – https://play.google.com/stor/apps/details?id=com.material.design.codingplanet

MgKami (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top