ဘက်ထရီအခန်းမီးလောင်လို့ ရုရှားရေငုပ်သင်္ဘောငယ်မီးလောင်

66106738_2464425860254986_2593768013190660096_n.jpg

အမှုထမ်း (၁၄) ဦး သေဆုံးစေခဲ့တဲ့ ရေငုပ်သင်္ဘောငယ် မီးလောင်မှုက ဘက်ထရီအခန်းမှာ မီးလောင်ရာကနေ အစပျိုးခဲ့တာလို့ ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂိုင်ရှိုဂူက ပြောပါတယ်။ ရုရှားစစ်တပ်က ထိပ်တန်းလျှို့ဝှက်ချက်ဖြစ်လို့ မီးလောင်ခဲ့တဲ့ယာဉ်အမျိုးအစားကို ထုတ်ပြောခဲ့ခြင်းမရှိပါဘူး။ အမျိုးအစားခွဲခြားဖော်ပြခဲ့ခြင်းမရှိတဲ့ ယာဉ်ဟာ အာတိတ်သမုဒ္ဒရာကြမ်းပြင်မှာ သုတေသနလုပ်ပြီး စူးစမ်းရှာဖွေခဲ့တယ်လို့ ရုရှားအစိုးရရဲ့ နေ့စဉ်ထုတ်သတင်းစာက ဖော်ပြပါတယ်။

သုတေသနနဲ့ပတ်သက်ပြီး ဖော်ပြခဲ့ခြင်းမရှိပေမဲ့ ရုရှားနိုင်ငံဟာ ရေနံ၊ ဓာတ်ငွေ့နဲ့ တခြားတွင်းထွက်ပစ္စည်းတွေ ပေါများကြွယ်ဝတဲ့ အာတိတ်စက်ဝိုင်းမှာ အခြားနိုင်ငံတွေနဲ့အပြိုင် ပိုင်နက်နယ်မြေရယူဖို့ ကြိုးစားနေပါတယ်။ အဲဒီယာဉ်က နျူကလီးယားစွမ်းအင်သုံး အသေးစားရေငုပ်သင်္ဘောဖြစ်ပေမဲ့ ဓာတ်ပေါင်းဖိုကို မီးကူးစက်ခဲ့ခြင်းမရှိဘူးလို့ ဆိုပါတယ်။ ရေငုပ်သင်္ဘောငယ်ဟာ ဘာရန့်ပင်လယ်ပြင်မှာ ခုတ်မောင်းနေတုန်း မီးလောင်ခဲ့တာဖြစ်ပြီး မီးခိုးမွှန်ပြီး အသက်ရှူကျပ်လို့ အမှုထမ်း (၁၄) ယောက် သေဆုံးခဲ့တာလို့ ဆိုပါတယ်။

အဲဒီယာဉ်ကို ရုရှားနိုင်ငံမြောက်ပိုင်းရေယာဉ်စုရဲ့ အဓိကအခြေစိုက်စခန်းဖြစ်တဲ့ ဆီဗရိုမော့စ်စခန်းမှာ ဆိုက်ကပ်ထားပါတယ်။ ရုရှားနိုင်ငံရဲ့ နာမည်ကျော် ကာ့စ်(kursk)ရေငုပ်သင်္ဘောဟာလည်း ဆီဗရိုမော့စ်အခြေစိုက်စခန်းမှာ ရှိနေပါတယ်။ ၂၀၀၀ ပြည့်နှစ်က ပင်လယ်နက်မှာ နျူကလီးယားစွမ်းအင်သုံး ကာ့စ်ရေငုပ်သင်္ဘော ပေါက်ကွဲနစ်မြုပ်ခဲ့လို့ သင်္ဘောသား (၁၁၈) ယောက်လုံး သေဆုံးခဲ့ပါတယ်။ ဒီဖြစ်ရပ်ကို Kursk ဆိုတဲ့ အမည်နဲ့ ရုပ်ရှင်ဇာတ်ကား ရိုက်ကူးခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top