Google မှ Gmail အသုံးပြုရာတွင် email တစ်စောင်၌ အခြား emailများကို attachment အနေဖြင့်တွဲနိုင်မည့် လုပ်ဆောင်ချက် အသစ်ထည့်

yyl-006-9.jpg

လက်ရှိအသုံးပြုနေသည့် Gmail Inbox မှ emailများကို သက်ဆိုင်ရာသို့ forward လုပ်ပေးနေသည့် လုပ်ဆောင်ချက်အစား Google မှ emailများကို attachment အနေဖြင့်တွဲနိုင်မည့် လုပ်ဆောင်ချက်ကို ထည့်သွင်းမည်ဟု ထုတ်ပြန်ကြော်ငြာခဲ့သည်။ Attachment အနေဖြင့်တွဲရန် download လုပ်ရန် မလိုဟု ဆိုသည်။

ယင်းလုပ်ဆောင်ချက်သည် Inbox တွင် အလေအလွင့်ဖြစ်ခြင်းကို ရှင်းထုတ်ရန် နှင့် emailများကို အတွဲလိုက် ပို့ရန်လိုအပ်သူများအတွက် ပို၍ စနစ်တကျ ပို့ပေးမည့် လုပ်ဆောင်ချက်ဖြစ်ကြောင်း ထပ်လောင်းပြောခဲ့သည်။ လုပ်ဆောင်ချက်အသစ်ကို အသုံးပြုရန်အတွက် activate လုပ်ခြင်း၊ install လုပ်ခြင်းများ လုပ်ဆောင်ရန်မလိုပဲ default “on” ထားမည်ဖြစ်သည်။ User များအနေဖြင့် ထိုလုပ်ဆောင်ချက်ကို “Forward as attachment” option အနေဖြင့် ရွေးချယ်နိုင်မည် ဖြစ်သည်။ ထို email အတွဲလိုက် များကို “.eml” file ဖြင့် လက်ခံရရှိမည် ဖြစ်သည်။

မေ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top