ထိုင်းက ကယ်ဆယ်ရေးလုပ်ငန်း အောင်မြင်ခဲ့ရာမှာ အရေးပါတဲ့ ဆုံးဖြတ်ချက်တွေ ပေးခဲ့သူ ဩစတေးလျလူမျိုး ဆရာဝန်အတွက် ဝမ်းနည်းဖွယ် သတင်းစကား

4E1AE6B900000578-5939979-image-m-2_1531277638808.jpg

ဂူထဲမှာ ပိတ်မိနေခဲ့တဲ့ ဘောလုံးသမားလေး ၁၂ ယောက်ကို သက်စွန့်ဆံဖျား ကယ်ဆယ်ပေးရာမှာ အဓိက ပါဝင်ဆောင်ရွက်ခဲ့သူ ဩစတေးလျလူမျိုး ဆရာဝန်ဟာ သူ့ရဲ့ ကယ်ဆယ်ရေးလုပ်ငန်းစဉ် ပြီးဆုံးပြီးချိန်လောက်က သူ့ဖခင် ကွယ်လွန်သွားခဲ့တယ် ဆိုတဲ့သတင်းကို သိလိုက်ရပါတယ်။

အံ့ဩချီးကျူးလောက်ဖွယ် ကယ်ဆယ်မှုတွေအပြီး ဂူထဲကနေ နောက်ဆုံးမှ ပြန်ထွက်လာခဲ့သူ ဒေါက်တာ ဟားရစ်ဟာ နောက်ဆုံးကလေးတစ်ယောက်ကို ဘေးကင်းကင်း ပြန်ထွက်နိုင်အောင် ကူညီအပြီး ဒီလိုစိတ်ထိခိုက်စရာ သတင်းကို ကြားလိုက်ရတာပါ။

“မနေ့ညက ဟယ်ရီ ထိုင်းမှာ သွားလုပ်နေတဲ့ ကယ်ဆယ်ရေးပြီးသွားလို့ ခဏမှာပဲ သူ့အဖေ ဆုံးသွားတယ် ဆိုတဲ့အကြောင်း ပြောပြရတာ တော်တော်လေးတော့ စိတ်မကောင်းဖြစ်မိပါတယ်” လို့ ဒေါက်တာ ဟားရစ်ရဲ့ အလုပ်ရှင် MedSTAR ရဲ့ဒါရိုက်တာဖြစ်သူ အန်ဒရူး ပီးယာ့စ်က ပြောပြပါတယ်။

“ဟားရစ်နဲ့ သူ့မိသားစုအတွက်ကတော့ စိတ်ပိုင်း ရုပ်ပိုင်း နှစ်မျိုးလုံးမှာ အကောင်းအဆိုး ရောထွေးစရာ ဖြစ်ရတဲ့ ကာလပါပဲ။ မကြာခင်တော့ သူ အိမ်ပြန်ရောက်တော့မှာပါ။ အဲဒီအခါ မိသားစုတဲ့အတူ အချိန်ပေးရင်း စိတ်သက်သာရာ ပြန်ရလိမ့်မယ်လို့ မျှော်လင့်မိပါတယ်” လို့လည်း သူက ဆက်ပြောခဲ့ပါတယ်။

Ref: DailyMail “Hero Australian doctor whose ingenious idea paved way for rescue loses his father just after successful mission finished”

TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top