ဒီယွန်တေးဝှိုက်ဒါနဲ့ပွဲမတိုင်ခင် နည်းပြနဲ့လမ်းခွဲလိုက်တဲ့ တိုင်ဆန်ဖျူရီ

yyl-005-10.jpg

ဒီယွန်တေးဝှိုက်ဒါနဲ့ တစ်ကျော့ပြန် ထိုးသတ်မယ့်ပွဲစဉ်မတိုင်ခင် ၂ လအလိုမှာ ဗြိတိန်လက်ဝှေ့သမား တိုင်ဆန်ဖျူရီက သူ့ရဲ့နည်းပြဖြစ်သူ ဒေးဗစ်ဆန်နဲ့ လမ်းခွဲလိုက်ပါတယ်။ ဒေးဗစ်ဆန်ဟာ ပြီးခဲ့တဲ့(၂)နှစ်လုံးလုံး တိုင်ဆန်ဖျူရီရဲ့ နည်းပြအဖြစ် ဆောင်ရွက်ခဲ့သူပါ။ တိုင်ဆန်ဖျူရီဟာ လာမယ့်ဖေဖော်ဝါရီလကျရင် WBC ဟဲဗီးဝိတ်ချန်ပီယံ ဒီယွန်တေးဝှိုက်ဒါနဲ့ ထိုးသတ်ဖို့အတွက် နည်းပြသစ်နဲ့ လေ့ကျင့်သွားမှာပါ။

နှစ်ယောက်လုံးရဲ့ဘဝအတွက် စဉ်းစားပြီး အလုပ်ပိုင်းဆိုင်ရာ ပတ်သက်မှုကို အဆုံးသတ်ခဲ့ပေမဲ့ မိတ်ဆွေအဖြစ် ဆက်ရှိနေမှာပါလို့ ဒေးဗစ်ဆန်က ပြောပါတယ်။ ဒီယွန်တေးဝှိုက်ဒါနဲ့ တိုင်ဆန်ဖျူရီတို့ဟာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၁ ရက်က လော့စ်အိန်ဂျလိစ်မြို့မှာ ထိုးသတ်ခဲ့ကြပြီး အဲဒီပွဲစဉ်က သရေနဲ့အဆုံးသတ်ခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top