ပေါ့ဘာကို ပုတ်ခတ်တဲ့ ၉၂ မျိုးဆက်တွေကို အီဘရာဟီမိုဗစ် ဝေဖန်

54435002_2292141327483441_7382413947002945536_n.jpg

ရုပ်သံအစီအစဉ်မှာ အလုပ်လုပ်နေချိန်အတွင်း ပေါ့ဘာကို ပုတ်ခတ်ခဲ့တာနဲ့ပတ်သက်ပြီး မန်ယူအသင်းရဲ့ ၉၂ မျိုးဆက် ကစားသမားတွေကို အီဘရာဟီမိုဗစ်က ဝေဖန်ခဲ့ပါတယ်။ ၉၂ မျိုးဆက် ကစားသမားတွေဖြစ်တဲ့ ဘက်ခမ်း၊ ပေါစခိုးလ်၊ ဂယ်ရီနဗီးလ်၊ နစ်ကီဘတ်၊ ဖီးလ်နဗီး၊ ရိုင်ယန်ဂစ်တို့ကို ဖာဂူဆန်ရဲ့ အာဏာစက်အောက်က လူတွေလို့ အီဘရာဟီမိုဗစ်က သမုတ်ခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်မှာ ပေါ့ဘာက မန်ယူကို စွန့်ခွာပြီး ဂျူဗင်တပ်ထံ ပြောင်းရွှေ့သွားတာကို ၉၂ မျိုးဆက် ကစားသမားတွေကို သဘောမကျဘူးလို့ အီဘရာဟီမိုဗစ်က ဆိုပါတယ်။

” သူတို့က ယူနိုက်တက်မှာ မပါဝင်တော့ပါဘူး။ သူတို့က ရုပ်သံလိုင်းအတွက် အလုပ်လုပ်ချိန်မှာ ပေါ့ဘာကိုပဲ တစ်ချိန်လုံး ပုတ်ခတ်နေကြပါတယ်။ ဘာလို့လဲဆိုတော့ သူတို့က ကလပ်အသင်းမှာ တစ်ထောင့်တစ်နေရာ ပါဝင်ခွင့်မရလို့ပါပဲ။ သူတို့ ကလပ်အသင်းမှာ အလုပ်လုပ်ချင်ရင် လုပ်နိုင်မယ့်အလုပ် ရှာကြပေါ့။ ပေါ့ဘာက ငယ်ငယ်တုန်းက မန်ယူမှာ ကစားခဲ့သူပါ။ သူက အသင်းက ထွက်သွားခဲ့ပြီးမှ ပြန်ရောက်လာသူပါ။
ဖာဂူဆန်ရဲ့ အာဏာစက်အောက်မှာတော့ ဒါမျိုးကို သဘောမကျပါဘူး။ ဘာလို့လဲဆိုတော့ သူတို့က ဖာဂူဆန်လက်ထက်မှာ တစ်ဘဝလုံး ကစားခဲ့ပြီး ဖာဂူဆန်ဆီကနေ ဘယ်တော့မှ ထွက်မသွားကြလို့ပါပဲ။ ဖာဂူဆန်က ပါးစပ်မဟနဲ့ဆိုရင် သူတို့တွေ စကားတောင် မပြောရဲကြပါဘူး။ အခုတော့ သူတို့ လျှောက်ပြောနေကြပါတယ်။ ဖာဂူဆန်က သူတို့ကို စကားပြောခွင့် ပေးလိုက်ပြီလားဆိုတာ ကျွန်တော် မသိပါဘူး”လို့ အီဘရာဟီမိုဗစ်က ဆိုပါတယ်။

မန်ယူက နည်းပြမော်ရင်ဟိုကို ထုတ်ပယ်လိုက်ပြီးနောက် ပေါ့ဘာက အင်စတာဂရမ်ပေါ်မှာ ပုံတင်ခဲ့တာနဲ့ပတ်သက်ပြီး ၉၂ မျိုးဆက် ကစားသမားတစ်ဦးဖြစ်တဲ့ ဂယ်ရီနဗီးလ်က ဝေဖန်ခဲ့ပါတယ်။ ပေါ့ဘာဟာ မော်ရင်ဟိုလက်ထက်မှာ ခြေစွမ်းမပြနိုင်ခဲ့ပေမဲ့ ယာယီနည်းပြ ဆိုးလ်ရှားလက်ထက်မှာ ခြေစွမ်းတက်လာပြီး ၈ ဂိုးသွင်း၊ ၆ ဂိုး ဖန်တီးနိုင်ခဲ့သူပါ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top