သမိုင်းတစ်လျောက် အထူးချွန်ဆုံးသော အမျိုးသမီး သိပ္ပံပညာရှင် မာရီကျူရီ

yyl-042-1.jpg

မာရီကျူရီသည် ထူးချွန်သော အရည်အချင်းများစွာကို ပိုင်ဆိုင်ထားသူ အမျိုးသမီး တစ်ဦးဖြစ်သည်။ သူမသည် ၁၉၀၃ ခုနှစ်တွင် ရူပဗေဒ ထူးချွန် ရှာဖွေတွေ့ ရှိမှုဖြင့် နိုဘယ်ဆုကို ရရှိခဲ့သော ပထမဦးဆုံး အမျိုးသမီး ဖြစ်သည်။ နောက်ရှစ်နှစ် အကြာတွင် နိုဘယ်ဆုကို ဒုတိယအကြိမ် ဆွတ်ခူးခဲ့သော ပထမဦးဆုံးသူ တစ်ဦးတည်းသော အမျိုးသမီးဖြစ်လာခဲ့သည်။ သူမ၏ ထူးချွန်မှု သည် အံ့မခန်းပင် ဖြစ်ရလောက်သည် ကို သူမ ဆွတ်ခူးခဲ့သော နိုဘယ်ဆုများက သက်သေပင်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် သူမသည် ပထမ နိုဘယ်ဆုကို ရူပဗေဒ ထူးချွန် ရှာဖွေတွေ့ ရှိမှုဖြင့် ရရှိခဲ့ပြီး ဒုတိယ နိုဘယ်ဆုကိုမှု ဓာတုဗေဒ ထူးချွန် ရှာဖွေတွေ့ ရှိမှု တို့ဖြင့် မတူညီသော သိပ္ပံပညာရပ် နှစ်ခုတွင် ထွန်းပေါက် အောင်မြင်ခြင်းကြောင့် သမိုင်းတွင်ခဲ့သည်။

သူမ၏ အောင်မြင် ကျော်ကြားခြင်း ကဲ့သို့ပင် သူမ၏ ဘဝအကြာင်းမှာလည်း စိတ်ဝင်စား လေးစား အတုယူဖွယ် ကောင်းလှသည်။ မာရီကျူရီသည် ပိုလန်နိုင်ငံ ရှိ ဆင်းရဲနွမ်းပါးသော မိသားစုတွင် နိုဝင်ဘာ ၇ ၁၈၆၇ တွင်မွေးဖွားခဲ့သည်။ ထိုအချိန်၌ ပိုလန် နိုင်ငံသည် ရရှားတို့၏ နယ်ချဲ့အုပ်ချုပ်မှုအောက်တွင် တည်ရှိနေချိန်ဖြစ်ပြီး မအေးချမ်းသော အချိန်ကာလပင်ဖြစ်ခဲ့သည်။ ထိုကာလတွင် ပညာရေးသင်ကြားရန်မှာ အလွန်ခက်ခဲပြီး ရောဂါပိုးမွှားဆိုးများ နှင့် ပြည့်နှပ်နေခဲ့ချိန် ဖြစ်သည်။ မာရီ ကျူရီသည် ပိုလန်နိုင်ငံ လျို့ဝှက်ပညာသင်ကြား လေ့ကျင့်စခန်းတွင် ရရှားစစ်တပ်တို့ မသိအောင် ပညာခိုးသင်ခဲ့ရသည်။ အခက်အခဲများကြား ပညာရေး အဆုံးခန်းထိတိုင် သင်ကြားရန် မဖြစ်နိုင်သည့်တိုင် သူမသည် အတန်းထဲတွင် အမြဲထူးချွန်သူ တစ်ယောက်ဖြစ်ခဲ့သည်။ သူမ အသက်ဆယ်နှစ် အရွယ်တွင် ထိုပညာရေးစခန်းတွင်း ရောဂါဆိုး ပျံ့ပွားခြင်းဖြစ်ကာ သူမ၏ ညီမ နှင့် မိခင် ဖြစ်သူ ရှေ့ဆင့် နောက်ဆင့် ဆုံးပါးသွားခဲ့ရသည်။ ထိုအဖြစ်အပျက်က ငယ်ရွယ်သေးသည့် သူမကို စိတ်ဒဏ်ရာ ကြီးစွာရစေခဲ့သည်။ သိပ္ပံပညာ မတိုးတက်သေးခြင်း၊ သုတေသန ဆရာဝန်များ အတွေ့အကြုံနည်းပါးခြင်း ကြောင့် သူမ၏ ညီမငယ် နှင့် မိခင်ကို မကယ်လိုက်ခြင်း ဟူသည့် သူမ၏ အသိသည် သူမကို သမိုင်းတစ်လျှောက် အထူးချွန်ဆုံးသော သိပ္ပံပညာရှင် ဖြစ်လာစေရန် တွန်းပို့ပေးခဲ့သည် ဟုပင်ဆိုရမည်။

သူမသည် အထက်တန်းကျောင်း ဆုံးခန်းတိုင် သင်ကြားခဲ့သော်လည်း သူမ၏ စိတ်ဝဒေနာသည် ပိုမိုဆိုးရွားလာသောကြောင့် ပညာရေးစခန်းမှ သူ၏ဖခင်ထံ အပြီးတိုင် ပြန်အပ်ခဲ့သည်။ ထိုနောက် သူမသည် ပိုလန်နိုင်ငံရွာလေးတစ်ခုတွင် ကျန်ရှိသော မိသားစုများ ဆွေမျိုးများဖြင့် နေထိုင်ရင်း စိတ်ရောဂါကို ကုသခဲ့ရသည်။ မှတ်တမ်းများအရ ထိုအချိန်သည် သူမဘဝတွင် အပျော်ဆုံးအချိန်ဖြစ်ခဲ့သည် ဟုဆိုသည်။ ထို့နောက် သူမ အသက် ဆယ့်ခုနှစ်နှစ် ရောက်သော အခါ Warsaw တက္ကသိုလ်တွင် ပညာသင်ကြားခွင့် လျှောက်ရာ အမျိုးသမီးဖြစ်ခြင်းကြောင့် ပညာသင်ခွင့် မရခဲ့ပေ။ ထို့ကြောင့် သူမသည် ၁၈၉၁ ခုနှစ်တွင် ပြင်သစ်နိုင်ငံတွင် scholarship ဖြင့်ပညာသင်ရန် သွားရောက်ခဲ့သည်။

သူမသည် ၁၈၉၃ တွင် သူမသည် ရူပဗေဒပညာရပ်ဖြင့် ဒီဂရီဘွဲ့ ရရှိခဲ့သည်။ ဘွဲ့ရပြီးနောက်တွင် သူမသည် သံလိုက် စွမ်းရည် နှင့် စတီး ၏ ဓာတ်ပြု ဓာတ်ပေါင်းမှု စွမ်းရည်ကို လေ့လာစမ်းသပ်ရမည့် သုတေသန ခေါင်းစဉ်တစ်ခုအား တွဲဖက် သိပ္ပံပညာရှင် ပယ်ရီ ကျူရီ ဆိုသူ နှင့် ဆောင်ရွက်ရန် ကမ်းလှမ်းခြင်း ခံရသည်။ သူတို့ နှစ်ယောက်သည် ချစ်ကျွမ်းဝင်ကာ ၁၈၉၅ တွင် လက်ထပ် ခဲ့ကြသည်။

သိပ္ပံပညာရှင် စုံတွဲသည် စာတမ်းလေ့လာပြုစုခြင်းကို ပဲ အစဉ်တစိုက် ပြုလုပ်ခဲ့ကြသည်။ မာရီ ကျူရီ အလုပ်လုပ်စဉ်တလျှောက်တွင် သူမ အမျိူးသမီး ဖြစ်နေခြင်းကြောင်း များစွာသော အတိုက်အခိုက်များ၊ အခက်ခဲများ၊ ခွဲခြားဆက်ဆံမှုများ ကြုံတွေ့ခဲ့ရသည်။ သူမ၏ လုပ်ဖော်ကိုင်ဖက်များကြားတွင် သူမသည် တစ်ဦးတည်းသော အမျိုးသမီး ဖြစ်သည်။ ထိုသို့ဖြင့် သူမ ပထမဆုံးရင်သွေး ရလာချိန်တွင် အလုပ်ဆက်မလုပ်တော့ရန် များစွာသောတွန်းအား များအကြားမှ သူမသည် သူမ၏ သုတေသန လေ့လာမှုတစ်ခုထည်းကိုပင် အစဉ်တစ်စိုက် ပြုလုပ်ခဲ့သည်။

ထို အာရုံစူးစိုက်မှုကြောင့်ပင် ဧပြီလ ၁၈၉၈ခုနှစ် တွင် သူမသည် ယူရေနီယံ သတ္ထုတစ်မျိုးကထုတ်လွှတ်သည့် Becquerel ဓာတ်ရောင်ခြည် ကိုရှာဖွေတွေ့ရှိခဲ့သည်။ ထိုရှာဖွေတွေ့ ရှိမှုကို (အက်တမ်) အဏုမြူ အတွင်း ရေဒီယို သတ္တုကြွခြင်းဟု သတ်မှတ်ခဲ့သည်။ ထိုရှာဖွေတွေ့ရှိမှုမတိုင်ခင် (အက်တမ်) အဏုမြူ ကို အသေးငယ်ဆုံး ဒြပ်မှုန်အဖြစ် သာသိရှိခဲ့ကြပြီး ထိုသေးငယ်သော (အက်တမ်) အဏုမြူ အတွင်း အလွန်အားကောင်း ပြင်းထန်သော ပေါက်ကွဲနိုင်စွမ်းအား ရှိနေခြင်းကို မည်သူမှ အသိခဲ့ပေ။ ယင်း “Radiation Phenomena” ရှာဖွေတွေ့ရှိမှုကြောင့် ၁၉၀၃ ခုနှစ် သူမအသက် ၃၆နှစ်တွင် နိုဘယ်ဆုကို ဆွတ်ခူးခဲ့သည်။ နိုဘယ် အဖွဲ့အစည်းသည် သူမအား အမျိုးသမီးဖြစ်နေခြင်းကြောင့် ဆုရထိုက်သူ စာရင်းမှ ပယ်ထုတ်ရန် ဆွေးနွေးခဲ့ဖူးသည်ဟု ဆိုသည်။

ထိုအကြောင်းအရာများကြောင့် မာရီကျူရီ (မဒမ် ကျူရီ) သည် များစွာသော အမျိူးသမီးများ အတွက် စံပြပုဂ္ဂိုလ် ဖြစ်ခဲ့ရသည်။ အမျိုးသမီးများသည် အမျိုးသားများဖြင့် တန်းတူပညာသင်ခွင့် မရှိဟူသည့်
စည်းကမ်းများ၊ အမျိုးသမီးများတွင် အမျိုးသားများကဲ့သို့ တွေးခေါ်နိုင်ခြင်း မရှိခြင်း ဟု ယူဆချက်များ၊ အမျိုးသမီးများသည် ထူးချွန်ဆုများ ပေးအပ်ရန် ဂုဏ်သိက္ခာအရ မလျှော်ညီဟူသော ဥပဒေများကို ကနဦးစွာ ပြောင်းခဲ့ပေးသူလည်းဖြစ်သည်။

မာရီကျူရီ (မဒမ် ကျူရီ) သည် နိုဘယ်ဆု နှစ်ခုအပါအဝင် အခြားသော ထူးချွန်ဆုများ နှင့် ဂုဏ်ထူးဆာင်ဘွဲ့များစွာ ချီးမြှင့်ခြင်းခံခဲ့ရသည်။ ရေဒီယို သတ္တုကြွဓာတ်ပစ္စည်းများ နှင့် အနီးကပ် အချိန်များစွာ အလုပ်လုပ်ခြင်းကြောင့် သူမသည် အသက် ၆၆နှစ် အရွယ်တွင် သွေးအတွင်း aplastic anemia ဟုခေါ်သည့် ရောဂါဖြင့် ဆုံးပါးခဲ့သည်။

စာဖတ်သူများ ဗဟုသုတရစေရန် နှင့် စိတ်ဓာတ်ခွန်အား ဖြစ်စေလိုသော ရည်ရွယ်ချက်ဖြင့် လေ့လာရေးသားပေးလိုက်ပါသည်။

မေ(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top