သင်္ကြန်ပွဲတော်ကာလအတွင်း သတိပြုရှောင်ကြဉ်ရမည့် အချက်များကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်ကြေငြာ

5-8-2020-yyl-036.jpg

၁၃၇၉ခုနှစ် အတာသင်္ကြန်ပွဲတော်မှာ ပါဝင်ဆင်နွှဲကြမယ့် ပြည်သူတွေ လိုက်နာဖို့လိုအပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဒီနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ ထုတ်ပြန်လိုက်တဲ့အချက်ထဲမှာ မိန်းကလေးတွေအနေနဲ့ ဆွေမျိုးသားချင်းတွေနဲ့ မဟုတ်သူတွေနဲ့အတူ လည်ပတ်တာတွေ၊ ဆွေမျိုးသားချင်းမဟုတ်သူတွေေ ကျွးတဲ့ အစားအသောက်တွေကို မချင့်မချိန် စားသောက်တာတွေရှောင်ကျဉ်ဖို့၊ မူးယစဆေး မသုံးစွဲဖို့၊ သင်္ကြန်လည်ပတ်သူတွေအနေနဲ့ ရေပက်ကစားပြီး နားနေတဲ့အချိန် ဆိတ်ကွယ်ရာမှာ အနားယူတာတွေ မလုပ်ဖို့ တိုက်တွန်းထားပါတယ်။

ယာဉ်မောင်းသူတွေအနေနဲ့ ယာဉ်နံပါတ်ပြားမပါဘဲ မောင်းနှင်တာတွေ၊ ယာဉ်ရဲ့ ဘေးတံခါးတွေ၊ နောက်ဖုံးတွေဖြုတ်ပြီး မောင်နှင်ခြင်းမပြုဖို့၊ ဖျက်သိမ်းထားတဲ့ ယာဉ်အိုယာဉ်ဟောင်းတွေနဲ့ ပြုပြင်ဆဲ ယာဉ်တွေနဲ့ မောင်းနှင်ခြင်းမပြုဖို့၊ မော်တော်ယာဉ်တွေမှာ ညစ်ညမ်းတဲ့စာသားတွေ၊ ဆိုင်းဘုတ်၊ ပန်းချီ၊ ရုပ်ပုံ၊ တခြားမသင့်လျော်တဲ့ ပစ္စည်းတွေ ရေးသားချိတ်ဆွဲပြီး မောင်းနှင်ခြင်းတွေ မပြုဖို့တိုက်တွန်းထားပါတယ်။

Thar Ko Lay (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top