America’s Got Talent 2019 မှာ ကမ္ဘာကျော်ဖျော်ဖြေတင်ဆက်မှုလုပ်ခဲ့တဲ့ ဆယ်ကျော်သက်တစ်စု

67485413_2471739972869240_8367148990474485760_n.jpg

“သူတို့လေးတွေက အသက် (၁၁) နှစ်ကနေ (၁၃) နှစ်ကြားပဲ ရှိသေးတယ်။ ကျွန်တော်ကတော့ (၂၅) နှစ်အထိ မိဘတွေအိမ်မှာ အိပ်နေတုန်းပဲ”။

ဒါကတော့ ၂၀၁၉ ခုနှစ် America’s Got Talent ပြိုင်ပွဲဝင် Light Balance Kids အဖွဲ့ရဲ့ YouTube ဗီဒီယိုအောက်က မှတ်ချက်တစ်ခုဖြစ်ပါတယ်။ ဒီတစ်ပတ် America’s Got Talent ပြိုင်ပွဲမှာ Light Balance Kids အဖွဲ့က ကျွန်တော်တို့ကို အတွေးအမြင်သစ် ပေးစွမ်းခဲ့ပါတယ်။

သူတို့အဖွဲ့ဟာ Programing နဲ့ Coding ကို အကနဲ့ ပေါင်းစပ်ဖျော်ဖြေခဲ့ကြပြီး ရွှေလက်မှတ်ရလို့ နောက်ဆုံးအဆင့် Live Show ကို တက်ရောက်နိုင်ခဲ့ပါတယ်။ ဇွန်လအစောပိုင်းက ပထမအဆင့်မှာ ဒိုင် (၄) ယောက်လုံးရဲ့ ထောက်ခံချက်ရရှိခဲ့ပြီး အခုနောက်ဆုံး ကျင်းပခဲ့တဲ့အဆင့်မှာတော့ ရွှေလက်မှတ်ရခဲ့တာပါ။

ပွဲမစခင်ကတည်းက စင်ပေါ်မှာ မီးဆက်တင်တွေ ပြင်ဆင်ထားတာပါ။ သူတို့ခန္ဓာကိုယ်မှာ ဝတ်ဆင်ထားတဲ့ LED ဘုတ်ပြားကနေ မီးရောင်တွေ ဖြာထွက်နေပြီး မီးရောင်နဲ့ ကကွက်ပုံဖော်တာဖြစ်ပါတယ်။ ဒါဟာ (၁၁) နှစ်ကနေ (၁၃) နှစ်ကြား လူငယ်တွေရဲ့ စွမ်းဆောင်မှုပါ။ ယူကရိန်းနိုင်ငံက ကလေးငယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ Light Balance Kids အဖွဲ့ကို အယ်လီကမ်ပါဆိုတဲ့ ချာတိတ်မလေးက ဦးဆောင်နေပါတယ်။

ဒါဟာ ပြည်ပနိုင်ငံက လူငယ်တွေရဲ့ လုပ်နိုင်စွမ်းကို မီးမောင်းထိုးပြလိုက်တဲ့ ဖျော်ဖြေမှုတစ်ခုဆိုရင်လည်း မမှားပါဘူး။ ဒါပေမဲ့ အခုလိုပုံစံမျိုး ဖျော်ဖြေတာ Light Balance Kids အဖွဲ့က ပထမဆုံးမဟုတ်ပါဘူး။ ၂၀၁၇ ခုနှစ်မှာ Light Balance စီနီယာအဖွဲ့က အခုလို အကမျိုးဖျော်ဖြေပြီး America’s Got Talent ပြိုင်ပွဲမှာ နောက်ဆုံးအဆင့် တက်ရောက်နိုင်ခဲ့ဖူးပါတယ်။ Light Balance Kids အဖွဲ့ကတော့ စီနီယာတွေရဲ့ လမ်းပြမှုနဲ့အတူ အခုလိုစွမ်းဆောင်နိုင်ခဲ့တာပါ။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top