HUAWEI စမတ်ဖုန်းဖြင့် ရိုက်ကူးထားသည့် ရုပ်ရှင်ပြိုင်ပွဲ ကျင်းပမည်

yyl-031-9.jpg

မြန်မာနိုင်ငံတွင် ကျင်းပပြုလုပ်မည့် HUAWEI Film Awards ကို “Unbreakable Bond” ခေါင်းစဉ်ဖြင့် ပြုလုပ်သွားမည်ဖြစ်ပြီး HUAWEI စမတ်ဖုန်းဖြင့် ရိုက်ကူးထားသော (၃) မိနစ်မှ (၁၀) မိနစ်အတွင်းရှိ ဇာတ်လမ်းတိုဖြင့် ပါဝင်ယှဉ်ပြိုင် ရမည်ဖြစ်ပြီး ဇန်နဝါရီလ (၂၀) ရက်နေ့မှ ဖေဖော်ဝါရီလ (၂၀) ရက်နေ့အထိ တင်သွင်းသွားရမည်ဖြစ်သည်။ ပါဝင်ယှဉ်ပြိုင်သူများထဲမှ ဒါရိုက်တာအာကာနှင့် ဒိုင်အဖွဲ့မှ ရွေးချယ်သော အကောင်းဆုနှင့် Voting အများဆုံးဆုဆိုသည့် ဆုနှစ်ဆုပေးအပ်သွားမည်ဖြစ်၍ ဆုရရှိသူများကို HUAWEI Mate 30 Pro များ ဆုအဖြစ် ပေးအပ်သွားမည်ဖြစ်သည်။

Huawei Film Awards တွင် အကဲဖြတ်ဒိုင်အဖြစ် ပါဝင်မည့် ဒါရိုက်တာအာကာ (Arkar Production) က “မိုဘိုင်းလ်ဖုန်းတွေက အရည်အသွေးမြင့် ဓာတ်ပုံ၊ ဗီဒီယိုတွေကို ဖန်တီးလာနိုင်တယ်ဆိုတာ တကယ့်ကို နည်းပညာ တိုးတက်မှုတွေဆီကနေ ရရှိလာတဲ့ အသီးအပွင့်တွေပါပဲ။ ကျွန်တော်ကိုယ်တိုင် စမ်းသပ်ရိုက်ကူးဖန်တီးပြီးတဲ့နောက်မှာ မယုံကြည်နိုင်လောက်အောင်ကောင်းမွန်တဲ့ ရလဒ်ကို ရရှိခဲ့ပါတယ်။ ပရိသတ်တွေကော ပြိုင်ပွဲကိုစိတ်ပါဝင်စားသူတွေပါ ကြည့်ရှုခံစားနိုင်စေဖို့ ကျွန်တော် HUAWEI Mate 30 Pro နဲ့ ရိုက်ကူးထားတဲ့ Short Film ကို အခုလိုမျိုး ပါဝင်ပြသခဲ့တာ ဖြစ်ပါတယ်” ဟု အထူးပွဲပြသချိန်တွင် ပြောခဲ့သည်။

Ultra-Curved မျက်နှာပြင် တပ်ဆင်ပေးထားသည့် HUAWEI Mate 30 Pro တွင် အသစ်စက်စက် ကင်မရာ ၄ လုံး ထည့်သွင်းထားသော SuperSensing Cine Camera စနစ် ပါဝင်သည်။ HUAWEI Mate 30 Pro ရဲ့ ပင်မကင်မရာစုံတွဲအနက် 40MP ပုံထွက်နှုန်းရှိသည့် Cine Camera မှာ Ultra-Slow Motion ရိုက်ကူးမှုနှင့် Ultra-Wide Time-lapse ရိုက်ကူးမှုစသည့် ပြုလုပ်နိုင်ပြီး 40MP ပုံထွက်နှုန်းရှိသည့် ပူးတွဲကင်မရာမှာ Ultra Low-light ရိုက်ကူးမှုပြုလုပ်နိုင်ခြင်းကြောင့် SuperSensing Camera နှင့် ပေါင်းစပ်လိုက်ချိန်တွင် ဓာတ်ပုံနှင့် ဗီဒီယိုများကို ထူးထူးခြားခြားရိုက်ကူးနိုင်မည်ဖြစ်သည်။ Huawei အနေနှင့် Short Film Production ပိုင်းကို စိတ်အားထက်သန်သော စိတ်ဝင်စားသူတို့အတွက် Asia Pacific ဒေသတွင်းပြိုင်ပွဲကို ကျင်းပပေးမည်ဟု ဆိုသည်။ ဒေသတွင်းပြိုင်ပွဲအကြောင်းနှင့် စည်းမျဉ်းစည်းကမ်းများကို https://consumer.huawei.com/my/campaign/film-awards/ တွင် လေ့လာနိုင်ပါသည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top