လူမှုဖူလုံရေးအကျိုးခံစားခွင့်ငွေတွေကို Wave Money ကနေ ထုတ်လို့ရတော့မယ်

21-4-2020-yyl-004.jpg

COVID-19 စောင့်ကြည့်ခံရသူတွေအတွက် ထောက်ပံ့ပေးတဲ့ လူမှုဖူလုံရေးငွေကြေး အကျိုးခံစားခွင့်၊ ကိုယ်ဝန်ဆောင်မိခင်တွေ မကျန်းမာမှုအကျိုးခံစားခွင့်နဲ့ ဆေးဖိုးစိုက်ထုတ် ကုန်ကျငွေတွေ ပြန်ထုတ်ပေးတာကို Pilot အစီအစဉ်နဲ့ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ Wave Money က ထုတ်ပြန်လိုက်ပါတယ်။

Wave Money ဟာ မြန်မာနိုင်ငံက လူမှုဖူလုံရေးအကျိုးခံစားခွင့်ရှိသူတွေရဲ့ အကျိုးခံစားခွင့်တွေအတွက် တရားဝင်လုပ်ကိုင်ခွင့်ရ အွန်လိုင်းငွေပေးချေမှုပလက်ဖောင်းတစ်ခုအဖြစ် ၂၀၂၀ ပြည့်နှစ်၊ ဧပြီ ၆ ရက်မှာ စတင် ခန့်အပ်ခံခဲ့ရတာ ဖြစ်ပါတယ်။

လူမှုဖူလုံရေးငွေကြေးအကျိုးခံစားခွင့်ထောက်ပံ့ငွေတွေကို Wave Money ကနေ ထုတ်ယူလိုရင် နီးစပ်ရာ လူမှုဖူလုံရေးရုံးကို သွားရောက်ပြီး လိုအပ်တဲ့အချက်အလက်တွေကို ရုံးကပေးတဲ့ဖောင်မှာ ဖြည့်စွက်ရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် မိမိတို့ရဲ့ ဖုန်းထဲကို Wave Pay အပ်ပလီကေးရှင်း ထည့်သွင်းဖို့လိုအပ်မှာဖြစ်ပြီး အကျိုးခံစားခွင့် ရရှိသူတွေအနေနဲ့ လူမှုဖူလုံရေးရုံးက ပေးပို့တဲ့ ထုတ်ယူခွင့်စာတို (message)ရရှိရင် ဘယ် Wave Money ဆိုင်မှာ မဆို ထုတ်ယူနိုင်မှာဖြစ်ပါတယ်။

အခုလိုအချိန်မှာ အလိုအပ်ဆုံးဖြစ်တဲ့ ဆေးကုသမှုနဲ့ COVID-19 စောင့်ကြည့်ခံရသူတွေအတွက် ထောက်ပံ့ငွေတွေကို အရင်ဆောင်ရွက်ပေးသွားမှာဖြစ်ပြီးတော့ တခြားအကျိုးခံစားခွင့်တွေကိုလည်း နောက်ပိုင်းမှာ ဆက်လက်လုပ်ဆောင်ပေးသွားမယ်လို့ Wave Money က ဆိုပါတယ်။

မြန်မာနိုင်ငံမှာ အေးဂျင့်ဆိုင်ပေါင်း ၅၇၀၀၀ ကျော်နဲ့ လည်ပတ်လုပ်ကိုင်နေတဲ့ မိုဘိုင်းငွေကြေးဝန်ဆောင်မှု ကုမ္ပဏီဖြစ်တဲ့ Wave Money ဟာ Telenor၊ ရိုးမဘဏ်၊ စင်ကာပူစတော့အိတ်ချိန်းစာရင်းဝင် ကုမ္ပဏီဖြစ်တဲ့ Yoma Strategic Holdings တို့နဲ့ ဖက်စပ်လုပ်ကိုင်နေတာ ဖြစ်ပါတယ်။

KST (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top