ပေါလ်ဝေါ်ကာ ပိုင်ဆိုင်တဲ့ယာဉ်တွေကို ဒေါ်လာ (၂.၃၃) သန်းနဲ့ လေလံတင်ရောင်းချနိုင်ခဲ့

yyl-017-11.jpg

၂၀၁၃ ခုနှစ်မှာ ကွယ်လွန်ခဲ့တဲ့ မင်းသားပေါလ်ဝေါ်ကာကို Fast & Furiousရုပ်ရှင်ကားတွဲတွေမှာ ဘရိုင်ယန် အိုကော်နာ ဇာတ်ကောင်အနေနဲ့ လူတော်တော်များများကသိခဲ့ကြတာပါ။ အခု သူပိုင်ဆိုင်ခဲ့တဲ့ ယာဉ် (၂၁) စီးကို အရီဇိုးနားရဲ့ နှစ်စဉ်ကားလေလံတင်ပွဲမှာ စုစုပေါင်း ဒေါ်လာ (၂.၃၃) သန်းနဲ့ ရောင်းချခဲ့တယ်လို့ သိရပါတယ်။ ဝေါ်ကာရဲ့ကားတွေဟာ တစ်ပတ်ကြာလေလံပွဲမှာ ရလဒ်ကောင်းခဲ့ပြီး နောက်ဆုံးနေ့မှာ BMW M3 Lightweight ကားတစ်စီးတည်းက ဒေါ်လာ ၃၈၅,၀၀၀ ရရှိခဲ့ပါတယ်။ ဒါက လေလံပွဲမှာ ရောင်းချနိုင်ခဲ့တဲ့ BMW M3 Lightweights ကား (၅) စီးထဲမှာမှ တစ်စီးဖြစ်ခဲ့ပါတယ်။

“လူတွေက သူ့ရဲ့ကားတွေကို ဈေးကြီးပေးကြတယ်။ ဒီဈေးနှုန်းတွေနဲ့ ပေါ်ကာဟာ နောက်ထပ် Paul Newman လို့ ဆယ်လီကားစုဆောင်းသူဖြစ်လာဖို့ အသင့်အနေအထားဖြစ်နေပါတယ်” လို့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ ဝေါ်ကာရဲ့နာမည်ကြီးမှုက အမြဲတမ်းတော့ လေလံဈေးအမြင့်ဆုံးဖြစ်အောင်လုပ်လို့မရပါဘူး။ ဒါပေမဲ့ ဝေါ်ကာရဲ့နာမည်ကြီးမှုနဲ့ ကားအပေါ်ရူးသွပ်မှုက တချို့ကားစုဆောင်းသူတွေကို မဖြစ်မနေလိုချင်လာစေပါတယ်လို့ ပြောပါတယ်။

လူတော်တော်များများအကြိုက်ဆုံးဖြစ်ခဲ့တဲ့ကားက “Fast Five” ရုပ်ရှင်ကားမှာ ပါဝင်ခဲ့တဲ့ 2009 မော်ဒယ် Nissan 370Z ဖြစ်ခဲ့ပါတယ်။ လေလံပွဲမှာ 370Z ကို ဈေးအကြီးဆုံးပေးပြီး ဒေါ်လာ ၁၀၅,၆၀၀ နဲ့ ရောင်းချနိုင်ခဲ့ပါတယ်။ ဝေါ်ကာလက်ဆောင်ရခဲ့တဲ့ 2013 မော်ဒယ် Ford Boss 302S ပြိုင်ကားကလည်း လေလံတင်ပွဲမှာ ဒေါ်လာ ၉၅,၇၀၀ နဲ့ ရောင်းချနိုင်ခဲ့ပါတယ်။ လေလံပွဲမှ ရရှိခဲ့တဲ့ ရောင်းရငွေကို ဝေါ်ကာရဲ့သမီး မီအာဒို ကို ပေးအပ်သွားမှာဖြစ်ပြီး သူ့အဖေရဲ့ဖောင်ဒေးရှင်းအတွက် အသုံးပြုသွားမှာဖြစ်ပါတယ်။

Ref: Late actor Paul Walker’s vehicles garner $2.33 million at Arizona auction

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top