ကျောင်းသူတစ်စုက ရေကန်ထဲ ကျနေတဲ့ကားထဲကနေ သားအမိ သုံးယောက်ကို ကယ်တင်ပေးခဲ့

21.3.24-yyl-1.jpg

ဂျော်ဂျီယာတက္ကသိုလ်မှ ကျောင်းသူတစ်စုဟာ ရေကန်ထဲ ပြုတ်ကျသွားတဲ့ကားထဲကနေ သားအမိ သုံးယောက်ကို အသက်ကယ်ပေးနိုင်ခဲ့လို့ သူရဲကောင်းတွေအဖြစ် ချီးကျူးခံထားရပါတယ်။

မက်အာဒဲလ်၊ မက်ကော်လမ်၊ အယ်လီနော်ကတ်၊ ကလက်ဂျုံးစ်နဲ့ အီယန်နေ့စ်တို့ သူငယ်ချင်းတစ်စု ကားမောင်းလာတုန်း အဖြူရောင် SUV ကားတစ်စီး လမ်းချော်ပြီး ရေကန်ထဲ ထိုးကျသွားတာ တွေ့လိုက်တာပါ။ သူတို့တွေက ဆိုင်းငံ့မနေဘဲ ရေကန်ထဲ ခုန်ဆင်းသွားပြီး ကားထဲမှာ ပိတ်မိနေသူတွေကို ကယ်တင်ဖို့ ကြိုးစားခဲ့တာပါ။ ဒါပေမဲ့ ရေဝိတ်ကြောင့် ကားတံခါးဖွင့်ဖို့ ခက်ခက်ခဲခဲ ကြိုးစားခဲ့ရပြီး ကားထဲကနေ မိခင်ဖြစ်သူနဲ့ အသက် ၈ နှစ်၊ ၄ နှစ်အရွယ် ကလေးနှစ်ယောက်ကို ဆွဲထုတ်နိုင်ခဲ့ပါတယ်။

အငယ်ဆုံးကလေးလေးက ရေမွှန်းပြီး သတိလစ်သွားတဲ့အတွက် သက်တော်စောင့်သင်တန်း တက်ဖူးတဲ့ ကလက်ဂျုံးစ်က CPR သင်ခန်းစာကို အသုံးချပြီး ကလေးငယ်ကို သတိပြန်လည်လာအောင် လုပ်ပေးနိုင်ခဲ့ပါတယ်။

မိန်းကလေး ၅ ယောက်ရဲ့ ရဲစွမ်းသတ္တိရှိရှိ ကိုယ်ကျိုးစွန့် ကယ်တင်မှုသတင်းက ဒေသခံတရားဥပဒေစိုးမိုးရေးရုံး လူမှုကွန်ရက်မှာ ဖော်ပြခဲ့ရပြီးနောက် သတင်းပျံ့နှံ့သွားခဲ့ပြီး လူမှုကွန်ရက် အသုံးပြုသူတွေက သူရဲကောင်းအဖြစ် ချီးကျူးခဲ့ကြပါတယ်။

Ref:UGA Students Save Mother And Children From Car Crash In Creek

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply