ကန်ဒေါ်လာ သန်း ၇၀၀ တန် ကမ္ဘာ့စံချိန်တင်စာချုပ်နဲ့ ခေါ်ယူခံရတဲ့ ဂျပန်ဘေ့စ်ဘောကြယ်ပွင့်

21.3.24-yyl-3.jpg

ဂျပန်ဘေ့စ်ဘောကြယ်ပွင့် ရှိုဟိုင်းအိုတာနီကို မေဂျာလိဂ်ဘေ့စ်ဘောကလပ် LA Dodgers အသင်းက အမေရိကန်ဒေါ်လာ သန်း ၇၀၀ တန် ကမ္ဘာ့စံချိန်တင်စာချုပ်နဲ့ ခေါ်ယူလိုက်ပါပြီ။ ထာဝရအကောင်းဆုံး ဘေ့စ်ဘောကစားသမားလို့ တင်စားခံထားရတဲ့ ရှိုဟိုင်းအိုတာနီဟာ အမေရိကန်ဂန္ထဝင်ဘေ့စ်ဘော ကစားသမားဟောင်း ဘေဘီရုသ်နဲ့ နှိုင်းယှဉ်ခံခဲ့ရသူဖြစ်ပြီး ပြီးခဲ့တဲ့လက အဖိုးတန်ဆုံးဘေ့စ်ဘော ကစားသမားဆုကို ဒုတိယအကြိမ် ဆွတ်ခူးခဲ့သူပါ။

သူဟာ အဖိုးတန်ဆုံး ဘေ့စ်ဘောကစားသမားဆု ဆွတ်ခူးခဲ့တဲ့ နှစ်ကြိမ်လုံး မဲပေးသူအားလုံးရဲ့ ထောက်ခံမှုကို တစ်ညီတညွတ်တည်း ရရှိခဲ့တာကလည်း မေဂျာလိဂ်ဘေ့စ်ဘောသမိုင်းမှာ ပထမဆုံး ဖြစ်ပါတယ်။

ရှိုဟိုင်းအိုတာနီရဲ့ အမေရိကန်ဒေါ်လာ သန်း ၇၀၀ တန် ၁၀ နှစ်စာချုပ်ဟာ ၂၀၁၉ ခုနှစ်က မိုက်ထရော့ရဲ့ အမေရိကန်ဒေါ်လာ ၄၂၆.၅ သန်းတန် ၁၂ နှစ်စာချုပ် (စံချိန်ဟောင်း)ကို ကျော်လွန်ပြီး စံချိန်သစ်တင်ခဲ့တာပါ။

ရှိုဟိုင်းအိုတာနီရဲ့ပုံရိပ်ကြောင့် အသင်းရဲ့ ကြော်ငြာစာချုပ်တွေနဲ့ လက်မှတ်ရောင်းအား သိသိသာသာ မြင့်တက်စေပြီး ၂၀၂၃ ရာသီမှာ သူ့ကြောင့် ရရှိတဲ့ ငွေကြေးစီးဆင်းမှုက အမေရိကန်ဒေါ်လာ ၃၄၂ သန်းအထိ ရှိနိုင်တယ်လို့ ကန်ဆိုင်းတက္ကသိုလ်ရဲ့ စီးပွားရေးပညာရှင် မီယာမိုတိုက ခန့်မှန်းပါတယ်။ သူ့ပွဲကို လာကြည့်တဲ့ ဂျပန်ပရိသတ်တွေရဲ့ အသုံးစရိတ်တင် ယန်းငွေ ၁.၂ ဘီလျံ ရှိခဲ့တယ်လို့ ဆိုပါတယ်။

Ref:Ohtani: How ‘Shotime’ became Japan’s biggest baseball export

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top