(၁) ကိုရီးယားနိုင်ငံ သမ္မတရဲ့ ချစ်ကြည်ရေးခရီးစဉ်မှာ နားလည်မှုစာချွန်လွှာ ၅ ခုကို လက်မှတ်ရေးထိုးပြီး ကျောင်းကားအစီး ၆၀ ပေးအပ်ခဲ့တဲ့သတင်း

yyl59010.jpg

(၁) ကိုရီးယားနိုင်ငံ သမ္မတ မစ္စတာ မွန်ဂျေအင်းနှင့် ဇနီး မစ္စစ် ကင်မ်ဂျောင်းဆု တို့သည် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီးဒေါ်ချိုချိုတို့၏ ဖိတ်ကြားချက်အရ စက်တင်ဘာ ၃ ရက်တွင် တရားဝင်ချစ်ကြည်ရေးခရီးစဉ် အနေဖြင့် မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ရာ နိုင်ငံတော်သမ္မတအိမ်တော်တွင် ဂုဏ်ပြုအခမ်းအနားဖြင့် ကြိုဆိုခဲ့သည်။
ထို့သို့ရောက်ရှိစဉ် ၂၀၁၈ ခုနှစ်မှ ၂၀၂၂ ခုနှစ် အထိ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုအတွက် ချေးငွေဆိုင်ရာမူဘောင်သဘောတူညီချက်၊ ကုန်သွယ်ရေးနှင့် စက်မှုဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး၊ ရန်ကုန်မြို့တွင် သတင်းအချက်စင်တာတစ်ခုတည်ထောင်ရေး စသည့် နားလည်မှုစာချွန်လွှာ များကို ရေးထိုးခဲ့သည်။
ထို့ပြင် သင်္ဘောလိုင်း၊ သင်္ဘောကျင်း အဆင့်မြှင့်တင်ရေး၊ ထောက်ပံ့ပို့ဆောင်ရေး၊ ဆိပ်ကမ်းတည်ဆောက် ရေးနှင့် စီမံခန့်ခွဲရေးကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်မှု၊ သိပ္ပံနှင့် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ ထွန်းသစ်စလုပ်ငန်းများနှင့် တီထွင်ဆန်းသစ်ခြင်းနယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်ရေး စသည့် နားလည်မှု စာချွန်လွှာများကိုလည်း လက်မှတ်ရေထိုးခဲ့သည်။
ယခုကဲ့သို့ မြန်မာ-ကိုရီးယား နှစ်နိုင်ငံနားလည်မှုစာချွန်လွှာ ၆ ခုကို လက်မှတ်ရေးထိုးခဲ့သည့်အပြင် ကိုရီးနိုင်ငံမှ မြန်မာနိုင်ငံ ပညာရေးဝန်ကြီးဌာနအတွက် ပေးအပ်လှူဒါန်းသည့် ကျောင်းကား အစီး ၆၀ ကိုလည်း လွှဲပြောင်းပေးအပ်ခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
KST (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top