အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့

woman.jpeg

အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ကို နှစ်စဉ် မတ်လ (၈) ရက်နေ့မှာ ကျင်းပလေ့ရှိပြီး ကဏ္ဍအသီးသီးက အမျိုးသမီးတွေရဲ့စွမ်းဆောင်နိုင်မှုတွေကို ဂုဏ်ပြုပေးတဲ့နေ့လို့လည်းပြောနိုင်ပါတယ်။ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ၁၉၁၁ ခုနှစ်မှာ စတင်ကျင်းပခဲ့ပြီး အမျိုးသမီးတွေရဲ့အခွင့်အရေးအတွက် အဓိကထားလှုံဆော်ဆောင်ရွက်ခဲ့ကြတာဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာ အမျိုးသားဦးရေထက် အမျိုးသမီးဦးရေက ပိုများပြားလာတာနဲ့အမျှ အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့ ရင်ဘောင်တန်းနိုင်လာကြပါပြီ။ အဲဒီလို ရင်ဘောင်တန်းနိုင်လာတာကြောင့် အမျိုးသမီးတွေကို တန်းတူရည်တူအခွင့်အရေးတွေပေးဖို့အတွက် ဆောင်ရွက်လာကြပါတယ်။ ကျား မ မခွဲခြားပဲ တန်းတူအခွင့်အရေးရစေဖို့နဲ့ အမျိုးသမီးတွေရဲ့အခန်းကဏ္ဍကို မြင့်တင်နိုင်ဖို့အတွက် မတ်လ (၈) ရက်မှာ ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုတစ်ရပ်အဖြစ် သတ်မှတ်ကျင်းပခဲ့တာဖြစ်ပါတယ်။

အမျိုးသမီးတွေရဲ့အခန်းကဏ္ဍကို မြှင့်တင်ဖို့ရည်ရွယ်ပြီး အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အတွက် နှစ်စဉ်တိုင်းမှာ ဆောင်ပုဒ်တစ်ခု သတ်မှတ်ထုတ်ပြန်လေ့ရှိပါတယ်။ အခုနှစ်အတွက် ဆောင်ပုဒ်ကတော့ “တန်းတူအခွင့်အရေးစဉ်းစားလို့၊ စွမ်းရည်မြှင့်ရေးအလေးပေးဖို့၊ ဆန်းသစ်နည်းလမ်းဖော်ထုတ်စို့” ဖြစ်ပါတယ်။ အခုနှစ်ရဲ့ဆောင်ပုဒ်ဟာ ခေတ်ကာလအခြေအနေအရ ကြည့်မယ်ဆိုရင်လည်း လိုက်လျောညီထွေမှုရှိလှတဲ့လှုံ့ဆော်ချက်ဖြစ်ပါတယ်။

ပိုပြီးတိုးတက်ကောင်းမွန်တဲ့ နိုင်ငံတစ်ခုဖြစ်ဖို့ရာ အမျိုးသမီးတွေကလည်း တစ်စိတ်တစ်ပိုင်းအနေနဲ့ ပါဝင်နိုင်စွမ်းရှိနေပါတယ်။ ဒါကြောင့် အခုနှစ်ဆောင်ပုဒ်နဲ့အညီ ကဏ္ဍတိုင်းမှာ ကျား မ ခွဲခြားမှုမရှိစေရေးနဲ့ အမျိုးသမီးတွေရဲ့ စွမ်းဆောင်ရည်မြှင့်တင်မှုကို ပိုမြင့်မားလာစေဖို့အတွက် ဆန်းသစ်တီထွင်တဲ့နည်းလမ်းတွေကို ဖန်တီးကြရမှာဖြစ်ပါကြောင်း ရေးသားတိုက်တွန်းလိုက်ရပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top