အရပ်ဆိုတာ ရှည်ဖို့ပဲ ရှိတယ် မပုဘူး ဆိုပြီးတော့ ထင်နေကြတဲ့ အယူအဆတွေ မှားပါတယ်။
တကယ်တန်းကျတော့ အရပ်ဟာ အသက်ကြီးလာရင် ပုပါတယ်။
ဗြိတိန်မှ ဆေးပညာရှင်များနဲ့ လေ့လာထားရှိချက်များအရ ဖြစ်ပါတယ်။ အမျိုးသမီးများဟာ အသက် ၄၀ နောက်ပိုင်းကို ရောက်တဲ့အခါ အရပ်ပုလာတ်ပြီး အသက် ၇၀ ရောက်ရင် ၂ လက်မ လောက်အထိ ပုသွား နိုင်ပါတယ်။ အသက် ၄၀ နောက်ပိုင်းမှ တစ်လက်မ စပုပြီး ၆၀ ကျော် ၇၀ ဝန်းကျင် ရောက်တဲ့ အချိန်က နောက်ထပ် ၁ လက်မလောက် ထပ်ပု ပါတယ်။ ဒါက ပျမ်းမျှဖြစ်ပြီး အချို့ဆိုရင် အဲ့ဒီထပ်တောင် ပိုပု ပါတယ်။ အမျိုးသားများ ဆိုရင် အမျိုးသမီးများရဲ့ တစ်ဝက်မျှသော ပုနှုန်းနဲ့ ပါတယ်။ ဆိုလိုရင်းက အသက် ၄၀ နောက်ပိုင်း ဆိုရင် လက်မဝက် လောက် ပုပြီး ၇၀ ဝန်းကျင်ဆိုရင် ၁ လက်မ လောက် ပုပါတယ်။ အချို့ဆိုရင် အဲ့ဒီထပ်လည်း ပိုပုနိုင် ပါတယ်။
ယင်းကဲ့သို့ ပုလာခြင်းဟာ အဖြစ်များပေမယ့် မဖြစ်အောင်လည်း ကာကွယ် နိုင်ပါတယ်။ ယင်းကတော့ ကျန်းမာအောင် နေထိုင် စားသောက်ခြင်း၊ အားကစား ပြုလုပ်ခြင်းတို့ ဖြစ်ကြောင်း ဆိုထားပါတယ်။