လွန်ခဲ့တဲ့နှစ်သန်းပေါင်း ၅၅၀ ကတည်းက ဖြစ်တည်နေတဲ့ ကမ္ဘာ့အကြီးဆုံးကျောက်ဆောင်ကြီး

22.4.24-yyl-9.jpg

တသားတည်း ဖြစ်တည်တဲ့ ကျောက်ဆောင်တွေထဲမှာတော့ အူလူရူကျောက်ဆောင်က ကမ္ဘာ့အကြီးဆုံးပါပဲ။ အေယာကျောက်ဆောင်လို့လည်း လူသိများပါတယ်။ သြစတြေးလျနိုင်ငံ မြောက်ပိုင်းနယ်မြေထဲမှာ တည်ရှိပြီး လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၅၅၀ ကတည်းက ဖြစ်တည်ခဲ့တဲ့ သဲကျောက် ကျောင်ဆောင်ပါ။ ၃၄၈ မီတာ မြင့်မားပြီး လုံးပတ်က ၉.၄ ကီလိုမီတာ ရှိပါတယ်။

ကျောက်ဆောင် နံရံတွေပေါ်မှာ ရေးထွင်းထားတဲ့ ပန်းချီလက်ရာတွေကြောင့် နာမည်ကျော်ကြားပြီး ဌာနေတိုင်းရင်းသားတွေ အထွတ်အမြတ်ထားရာ နေရာလည်း ဖြစ်ပါတယ်။ လူ (သို့မဟုတ်) တိရစ္ဆာန်တွေကို X-ray ရိုက်လာရင် ပေါ်လာတဲ့ပုံစံအတိုင်း အရိုးတွေ၊ ကိုယ်တွင်းအင်္ဂါတွေကို ရေးဆွဲထားတဲ့ပုံတွေလည်း ရှိပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ဘယ်လောက်က ရေးဆွဲထားတာလဲဆိုတာ အတိအကျပြောဖို့ ခက်ခဲပေမဲ့ အနည်းဆုံး လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀၀၀၀ လောက်ကတည်းက အဲဒီနေရာတစ်ဝိုက်မှာ လူတွေ နေထိုင်ခဲ့ကြတယ်လို့ ခန့်မှန်းထားပါတယ်။ အူလူရူကျောက်ဆောင်ကြီးဟာ ဌာနေတိုင်းရင်းသားတွေရဲ့ ဘာသာရေးအခမ်းအနားတွေ ကျင်းပရာနေရာတစ်ခုဖြစ်သလို စာသင်ကြားရာ နေရာဖြစ်ခဲ့တယ်လို့ ဆိုကြပါတယ်။

Ref: Uluru rock

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top