ကမ္ဘာကျော် Youtuber နဲ့ ထိုးသတ်မယ်လို့ မေဝယ်သာ ကြေညာ

7-11-2020-yyl-009.jpg

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ Youtuber လိုဂန်ပေါလ်နဲ့ အထူးသရုပ်ပြပွဲ ထိုးသတ်သွားမယ်လို့ ဝိတ်တန်း ၅ တန်း ကမ္ဘာ့ချန်ပီယံဟောင်း မေဝယ်သာက ကြေညာထားပါတယ်။ အသက် ၄၃ နှစ်ရှိတဲ့ အမေရိကန်လက်ဝှေ့သမား မေဝယ်သာဟာ ပရော်ဖက်ရှင်နယ် လက်ဝှေ့သမားဘဝမှာ ပွဲ ၅၀ လုံး အနိုင်ရတဲ့ မှတ်တမ်းနဲ့ အနားယူခဲ့သူပါ။

အသက် ၂၅ နှစ်ရှိတဲ့ အမေရိကန်နိုင်ငံသား လိုဂန်ပေါလ်ဟာ ကမ္ဘာပေါ်မှာ လူကြည့်အများဆုံး Youtube Channel တစ်ခု ပိုင်ဆိုင်ထားသူဖြစ်ပြီး အရင်တုန်းက လက်ဝှေ့ကို ပရော်ဖက်ရှင်နယ် ထိုးသတ်ခဲ့ဖူးသူပါ။ ၂၀၁၉ ခုနှစ် နိုဝင်ဘာလက သူ့လိုပဲ Youtuber တစ်ယောက်ဖြစ်တဲ့ KSI နဲ့ ထိုးသတ်ရာမှာ ရှုံးနိမ့်ခဲ့ပါတယ်။

Youtube ပေါ်မှာ ပရိသတ် ၂၂ သန်းကျော်ရှိတဲ့ လိုဂန်ပေါလ်နဲ့ မေဝယ်သာတို့ဟာ လူမှုကွန်ရက်ပေါ်မှာ အပြန်အလှန် ဝေဖန်ထိုးနှက်ခဲ့ကြဖူးပါတယ်။ မေဝယ်သာဟာ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလတုန်းက ဂျပန်ကစ်ဘောင်ဆင်သမား နာဆုကာဝါကို သရုပ်ပြပွဲမှာ စက္ကန့် ၁၄၀ တည်းနဲ့ အနိုင်ယူထိုးသတ်နိုင်ခဲ့ပါတယ်။ အဲဒီပွဲက အမေရိကန်ဒေါ်လာ ၉ သန်း တန်ကြေးရှိတယ်လို့ သတင်းထွက်ပေါ်ခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်မှာ ထိုးသတ်မယ့် မေဝယ်သာနဲ့ လိုဂန်ပေါတို့ရဲ့ပွဲစဉ်ကလည်း အခပေးကြည့်ရှုသူအရေအတွက် များပြားမယ်လို့ ခန့်မှန်းထားကြပါတယ်။

Ref: BBC ” Floyd Mayweather v Logan Paul: Undefeated legend to take on Youtuber in ‘exhibition'”

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top