အဲဗာတန်မှာ ပြန်ပေါင်းထုပ်တဲ့ အန်စလော့တီနဲ့ ဂျိမ်းစ်ရိုဒရီဂွက်ဇ်

9-9-2020-yyl48.jpg

အဲဗာတန်အသင်းဟာ ရီးရဲလ်အသင်းရဲ့ ကိုလံဘီယာကွင်းလယ်လူ ဂျိမ်းစ်ရိုဒရီဂွက်ဇ်ကို ပြောင်းရွှေ့ကြေး ပေါင်သန်း(၂၀)နဲ့ ခေါ်ယူလိုက်ပါပြီ။ အသက် (၂၉) နှစ်ရှိတဲ့ ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာ ၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခြေစွမ်းပြနိုင်ခဲ့လို့ မိုနာကိုကနေ ရီးရဲလ်အသင်းကို ပြောင်းရွှေ့ခွင့်ရခဲ့ပေမဲ့ ရီးရဲလ်မှာ ပွဲထွက်ခွင့်ရဖို့ ရုန်းကန်ခဲ့ရပြီး ၂၀၁၇ ခုနှစ်မှာ ဘိုင်ယန်မြူးနစ်အသင်းထံ အငှားသွားရောက်ကစားခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်မှာ ၂ ရာသီကြာ အငှားကစားခဲ့ပေမဲ့ ဘိုင်ယန်မြူးနစ်ကလည်း သူ့ကို အပြီးသတ် ခေါ်ယူခဲ့ခြင်းမရှိလို့ ရီးရဲလ်ကို ပြန်ရောက်သွားခဲ့ပြီး အခုချိန်မှာ အဲဗာတန်ကို အပြီးသတ်ပြောင်းရွှေ့ခဲ့တာပါ။

ရီးရဲလ်အသင်းက ဂျိမ်းစ်ရိုဒရီဂွက်ဇ်ကို ခေါ်ယူချိန်မှာ အန်စလော့တီက နည်းပြအဖြစ် ရှိနေခဲ့သလို ဘိုင်ယန်မြူးနစ်မှာလည်း သူတို့ ၂ ယောက် လက်တွဲခဲ့ဖူးပါတယ်။ အခုချိန်မှာတော့ နည်းပြအန်စလော့တီနဲ့ ဂျိမ်းရိုဒရီဂွက်ဇ်တို့ အဲဗာတန်အသင်းမှာ တစ်ကျော့ပြန် ဆုံစည်းမှုဖြစ်ပါတယ်။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top