နှစ် ၅၀ ကျော်အကြာမှ ဒေါက်တာဘွဲ့ရခဲ့တဲ့ အသက် ၇၆ နှစ် အဘိုး

16.2.2023-image-9.jpg

၁၉၇၀ ခုနှစ်မှာ Ph.D (ဒေါက်တာဘွဲ့) စတတ်ခဲ့တဲ့ ကျောင်းသားတစ်ဦးဟာ နှစ် (၅၀) ကျော်ကြာ အသက် ၇၆ နှစ်မှ ဒေါက်တာဘွဲ့ကို ရယူနိုင်ခဲ့ပါတယ်။ သူကတော့ နစ်ခ် အက်စ်တန်ဆိုသူပါပဲ။ နစ်ခ်ဟာ ၁၉၇၀ ခုနှစ်က အမေရိကန်နိုင်ငံရဲ့University of Pittsburgh မှာ သင်္ချာလူမှုဗေဒဆိုင်ရာပါရဂူတန်းတက်ရောက်ဖို့ Fullbright ပညာသင်ဆုကို ချီးမြှင့်ခံခဲ့ရပါတယ်။ ဒါပေမဲ့ ငါးနှစ်အကြာမှာ ဒေါက်တာဘွဲ့အတွက် ပညာသင်ကြားလို့မပြီးဘဲ ဗြိတိန်ကို ပြန်သွားခဲ့တာပါ။

၂၀၁၆ ခုနှစ်၊ အသက် ၆၉ နှစ်မှာ နစ်ခ်က University of Bristol မှာ ကျောင်းပြန်တက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒဿနိကဗေဒဘာသာရပ်နဲ့ မဟာတတ်ခဲ့ပြီးတော့ ဒေါက်တာဘွဲ့ယူဖို့ အဲဒီတက္ကသိုလ်မှာပဲ ဆက်လက်ပညာသင်ကြားခဲ့ပါတယ်။ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ University of Bristol က နစ်ခ်ကို ဒေါက်တာဘွဲ့အပ်နှင်းခဲ့ပါတယ်။

ဒေါက်တာနစ်ခ် ပြုလုပ်ခဲ့တဲ့ သုတေသနပြုချက်က လူတစ်ဦးချင်းစီရဲ့တန်ဖိုးတွေအပေါ် အခြေခံပြီး လူသားတွေရဲ့အပြုအမူကို ရှင်းပြတဲ့သီအိုရီအသစ်ကို ဖြစ်ပေါ်စေခဲ့တယ်လို့ University of Bristolရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

လက်ရှိ ဆမ်းမားဆတ်မှာ နေထိုင်နေတဲ့ ဒေါက်တာနစ်ခ်က ၂၀၁၆ ခုနှစ်နဲ့ ၂၀၂၂ ခုနှစ်ကြား University of Bristol မှာ ကျောင်းသားတစ်ယောက်အဖြစ် ရှိခဲ့တဲ့ သူ့ရဲ့အချိန်ကို နှစ်သက်တယ်လို့ ဆိုပါတယ်။ “အခြားဒဿနိကဗေဒဘွဲ့ရကျောင်းသား/သူတွေအားလုံးက ၂၃ နှစ်ဝန်းကျင်တွေဖြစ်ပေမဲ့ သူတို့က ကျွန်တော့်ကို သူတို့ထဲကတစ်ယောက်အနေနဲ့ လက်ခံပေးကြတယ်။ သူတို့က စိတ်ကူးအကြံဉာဏ်တွေပြည့်ဝတဲ့ ဉာဏ်ကောင်းတဲ့သူတွေဖြစ်ပါတယ်။ အထူးသဖြင့် နေ့ခင်းဘက် အရက်ဆိုင်မှာ သူတို့နဲ့ စကားပြောရတာကြိုက်တယ်”လို့ သူက ဆိုပါတယ်။

Ref: Never Too Late: 76-Year-Old British Man Completes PhD After 52 Years

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top