တပည့်ဖြစ်သူ အသက်ဆက်ရှင်နိုင်ဖို့ ကျောက်ကပ် လှူဒါန်းပေးခဲ့တဲ့ ဆရာ

39393028_1948100458579418_3922636838807797760_n.jpg

အသက် ၄၄ နှစ်အရွယ်ရှိ ဆရာတစ်ဦးဟာ ၆ တန်းအရွယ် ကျောင်းသားတစ်ဦးအတွက် သူရဲ့ကျောက်ကပ်ကို လှူဒါန်းပေးခဲ့တယ်လို့ သိရပါတယ်။ ကာဒင် ဆိုတဲ့ ကလေးဟာ အသက် ၂ နှစ်အရွယ်တည်းက ကျောက်ကပ်ရောဂါကို စတင်ခံစားခဲ့ရသူ ဖြစ်ပါတယ်။ ကာဒင်ဟာ အသက် ၅ နှစ်အရွယ်က ဖခင်ဖြစ်သူရဲ့ ကူညီလှူဒါန်းမှုကြောင့် ကျောက်ကပ် အစားထိုး ကုသခဲ့ပေမယ့် ကာဒင်ရဲ့ ခန္ဓာကိုယ်ဟာ ဖခင်ရဲ့ ကျောက်ကပ် အစားထိုးပြီး သီတင်းပတ်အကြာမှာပဲ အစားထိုးတဲ့ ကျောက်ကပ်ကို လက်မခံတဲ့ အခြေအနေမျိုး ရှိလာခဲ့ပါတယ်။

ကာဒင်ရဲ့အခြေအနေဟာ တစ်ရက်ထက်တစ်ရက် ဆိုးလာခဲ့တာကြောင့် ဆရာဝန်တွေက ကျောက်ကပ် အစားထိုး ကုသမှုလုပ်ဖို့ လိုအပ်ကြောင်း ပြောဆိုခဲ့ပါတယ်။ ကာဒင်ကို ကျောက်ကပ်ကို အစားထိုးဖို့ ရှာဖွေမှုလုပ်ချိန်မှာ ကာဒင်ရဲ့ ကျောက်ကပ်နဲ့ သွေးသားအပါအဝင် အခြားအရာတွေ တူညီဖို့ လိုအပ်တာကြောင့် ခက်ခဲမှုတွေရှိမှာလို့ ဆရာဝန်တွေက ပြောပါတယ်။ ကာဒင်ဟာ အသက် ၅ နှစ်အရွယ်တုန်းကလည်း ကျောက်ကပ်အစားထိုးခဲ့ရာ သူရဲ့ခန္ဓာကိုယ်က လက်မခံတာကြောင့် အောင်မြင်မှု မရခဲ့ပါဘူး။

ပြီးခဲ့တဲ့မေလမှာတော့ ကာဒင် တက်ရောက်နေတဲ့ Grace Christian မှာ နည်းပညာပိုင်းသင်တဲ့ ဆရာ ဝီလျံဝီကင်ဆင် သိသွားခဲ့ပြီး ကျောက်ကပ်လှူဒါန်းဖို့ သဘောတူခဲ့ပါတယ်။ အသက် ၄၄ နှစ်အရွယ် ကျောင်းဆရာဟာ ကျောက်ကပ်လှူဒါန်းဖို့ စမ်းသပ်မှုတွေ လုပ်ခဲ့ပြီး သူရဲ့ ကျောက်ကပ်က အသက် ၁၂ နှစ်အရွယ် ကာဒင်ကို ကူညီဖို့ အဆင်ပြေခဲ့တယ်လို့ သိရပါတယ်။ ကာဒင်နဲ့ ကျောင်းဆရာ ဝီလျံတို့ဟာ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ကျောက်ကပ် အစားထိုး ကုသမှုတွေ လုပ်ခဲ့ကြပြီး နှစ်ဦးစလုံး အခြေအနေ ကောင်းမွန်တယ်လို့ ကာဒင်ရဲ့ မိသားစုဝင်တွေက ပြောခဲ့ပါတယ်။

Ref dailymail Teacher, 44, donates a kidney to his sixth-grade student – years after his own son beat kidney failure at two years old

Kaung Htet Ngwe ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top