အပတ်စဉ် ဗေဒင်ဟောစာတမ်းကဏ္ဍ (၁၉-၈-၂၀၁၈ မှ ၂၅-၈-၂၀၁၈ အထိ)

Bay-Din-4-Week-4.jpg

အပတ်စဉ်တင်ဆက်ပေးနေကျဖြစ်တဲ့ ဆရာကင်္ကသူရဲ့စန္ဒသူရိယ နက္ခတ္တဝေဒ ဟောစာတမ်းကို ရိုးရာလေးပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။

၁၉-၈-၂၀၁၈ မှ ၂၅-၈-၂၀၁၈ ရက်နေ့အထိ ခုနစ်ရက်စာ တွက်ချက်လမ်းညွှန်ထားမှုတွေကို ပုံတစ်ခုချင်းနဲ့ တွဲလျက်ဖော်ပြပေးထားပါတယ်။

တနင်္ဂနွေ

ယခုအပတ်အတွက် တနင်္ဂနွေ သားသမီးတို့ကတော့ စီးပွားရေး လုပ်ငန်းများ ညံသွားပြီဖြစ်သည်။ လုပ်လက်စ လုပ်ငန်းများ ရပ်တန့်နေသည့် အနေအထားအထိ ရောက်နိုင်သည်။ ပြည်ပမှ ပစ္စည်းတင်သွင်းသူများလည်း အခက်အခဲ ရှိနေလိမ့်မည်။ တောင်သူလယ်သမားကတော့ အဆင်ပြေနေမည် ဖြစ်သည်။ ကျန်းမာရေးအနေဖြင့် အရိုးရောဂါရှင်များ သတိထားရမည့်အချိန် ဖြစ်ပါတယ်။ အချစ်ရေးကတော့ ကောင်းနေပြီး အိမ်ထောင်ရှင်များကတော့ ဒီရက်ပိုင်း ငွေကြေးကိစ္စကို အခြေခံသော ရန်မြင်ပါတယ်။ ပညာရေးသမားများ ရာထူး စာမေးပွဲ ဖြေရပါက ကောင်းပါသည်။ စက်ပစ္စည်း ဝင်တတ် ထွက်တတ်ပါသည်။ ထူးခြားချက်အနေဖြင့် ပန်းချီကား လက်ဆောင်ရပါက ထီးထိုးသင့်ပါသည်။ ဝန်ထမ်းများ အခြေအနေကောင်းပါသည်။

အကျိုးပေးဂဏန်းမှာ – ၁၊ ၆၊ ၂။

ယတြာ – အိမ်ဘုရားတွင် ရေတော် (၆)ခွက် သေချာပူဇော်ပါ။

 

တနင်္လာ

ယခုအပတ်အတွင်း တနင်္လာ သားသမီးတို့ကတော့ စီးပွားရေးလုပ်ငန်းများ အတော်လေးသတိထား လုပ်ကိုင်ရမည်အချိန် ဖြစ်သည်။ ဆုံးဖြတ်ချက်တစ်ခု အမှားဖြစ်ပါက အားလုံးပြိုကျသွားမည့်အခြေအနေပါ။ ဒါကြောင့် ဆုံးဖြတ်ချက်များကို သတိထား လုပ်ကိုင်ရမည်။ လောင်စာဆီ ရောင်းဝယ်သူများ အထူးသတိထားရမည့် အချိန်ဖြစ်သည်။ ကျန်းမာရေးအနေနှင့် အသဲရောဂါ ခံစားနေရသူများ သတိထား ကုသရလိမ့်မည်။ ပြင်ပထိခိုက်ခြင်းလည်း ဖြစ်တတ်သည်။ အချစ်ရေးအနေနှင့် စိတ်ကောက်တတ်သော ချစ်သူကို ရရှိလိမ့်မည်။ အိမ်ထောင်ရေး အခြေအနေကောင်းပါသည်။ ပညာရေးကောင်းပါသည်။ ထူးခြားချက်တစ်ခုအနေဖြင့် အဝတ်အထည် လက်ဆောင်ရပါက ထီးထိုးလိုက်ပါ။ ဝန်ထမ်းများ စိတ်ညစ်ရမည်။

အကျိုးပေးဂဏန်း – ၂၊ ၀၊ ၃။

ယတြာ – နွမ်းပါး ကလေးငယ်များက မုန့်ကြွေးပါ။

 

အင်္ဂါ

ယခုအပတ်အတွင်း အင်္ဂါ သားသမီးတွေကတော့ စီးပွားရေးလုပ်ငန်းမှာ ဦးမော့လာသည့်အချိန် ဖြစ်သည်။ သူတပါး စီးပွားရေး အခက်အခဲ ဖြစ်ချိန်တွင် မိမိ စီးပွားရေးအတွက် အချက်ဖြစ်နေတတ်သည်။ ယခု အချိန်တွင် ငွေကြေးကို အခြေခံသော လုပ်ငန်းကြောင်း လုပ်ငန်းများ ဦးမော့သွားပါလိမ့်မည်။ ကား၊ စက်ပစ္စည်းများ ကံကောင်းနေသည်။ ကျန်းမာရေးအနေနှင့် ကျောက်ကပ် သတိထားရလိမ့်မည်။ အချစ်ရေးတွင် ညံ့နေပြီး အဖြေရရန် စောင့်ရလိမ့်မည်။ အိမ်ထောင်ရေးသမားများ ကံကောင်းသော်လည်း ခွဲမွေးမည့် မိခင်လောင်းများ သတိထားရန်လိုပါသည်။ ပညာရေးသမားများ စိတ်ချမ်းသာရမည်။ ထူးခြားချက်အနေဖြင့် မိမိအိမ်သို့ မပင်ဖိတ်ဘဲ သူ့သဘောအတိုင်း ရဟန်းကြွလာပါက ထီပြေးထိုးလိုက်ပါ။ ဝန်ထမ်းများ သတိပြုရန်မှာ လူကြီးကြောင့် ဌာနတွင်း စစ်တွင် ကိုယ်ပါ စစ်ဆေးခံရတတ်သည်။

အကျိုးပေးဂဏန်း – ၃၊ ၁၊ ၄။

ယတြာ – ရဟန်းတစ်ပါးကို လှူဖွယ်ပစ္စည်း၊ ဆေးများ လှူပေးပါ။

 

ဗုဒ္ဓဟူး

ယခုအပတ်အတွင်း ဗုဒ္ဓဟူး သားသမီးတို့ကတော့ ရွှေလုပ်ငန်း၊ ငွေကြေးလုပ်ငန်း လုပ်သူများ အနည်းငယ်ညံ့နေလိမ့်မည်။ ကျောက်မျက်ရတနာလုပ်ငန်းနှင့် တောင်ယာလုပ်သူများ စီးပွားကောင်းပါလိမ့်သည်။ ဘုရားတွင် သန့်ရှင်းရေးလုပ်လိုက်ပါက ကံကောင်းလာပါလိမ့်မည်။ ကျန်းမာရေးအနေဖြင့် အရိုးရောဂါနှင့် ခါးနာရောဂါများ အထူးသတိထားရမည်။ အချစ်ရေးတွင် ချစ်သူနှင့် ခွဲခွါနေရတတ်သည်။ အိမ်ထောင်သည်များလည်း ခွဲနေရတတ်ပါသည်။ ပညာရေးတွင် မိမိက ဆရာဖြစ်ပါက သတိထားပါ၊ လူမှု့ရေးကိစ္စဖြစ်တတ်သည်။ ကား၊ ဆိုင်ကယ် စသည့်စက်ပစ္စည်း ဝင်မည်။ ထူးခြားသည်မှာ မိမိအိမ်သို့ ဘယ်ကမှန်းမသိသော ကြောင်တစ်ကောင် ရောက်လာပါက ထီထိုးလိုက်ပါ။ ဝန်ထမ်းများ ကံကောင်းပါသည်။

ရာဟု သားသမီးတို့ကတော့ စိတ်မသာမယာ ဖြစ်နေမည်။ အချစ်ရေးတွင် သတိထားပါ။ စီးပွားရေးတွင် တောင်ယာလုပ်ငန်း ကောင်းပါသည်။ ဝန်ထမ်းဖြစ်ပါက အထက်လူကြီးကြောင့် နာမည်ပျက်တတ်သည်။

အကျိုးပေးဂဏန်း – ၄၊ ၂၊ ၅။

ယတြာ – ဗုဒ္ဓဟူးနေ့တွင် မရှိနွမ်းပါးသော မိသားစုတစ်ခုအတွက် တတ်နိုင်သလောက် ညနေစာ တာဝန်ယူပေးပါ။

 

ကြာသပတေး

ယခုအပတ်အတွင်း ကြာသာပတေး သားသမီးတို့အတက် စီးပွားရေး အခြေအနေမှ ရှယ်ယာများကြောင့် စိတ်အလွန်ညစ်ရသော အခြေအနေတစ်ခုကို ဆိုက်ရောက်နေပြီဖြစ်သည်။ အားနာခြင်းကြောင့်ရသော ဝေဒနာပင်ဖြစ်သည်။ ကျန်းမာရေးအနေနှင့်ကတော့ ဆီးရောဂါရှင်များ သတိထားကုသပါ။ အရေပြားရောဂါရှိသူများ ဆရာဝန်ကောင်း တွေ့ပါလိမ့်မည်။ အချစ်ရေးနှင့်ပါတ်သက်ပြီး စိတ်ချမ်းသာရမည့်အချိန် ရောက်ပါပြီ၊ လက်ထပ်ရန် ရက်ရွေးရန်ဖြစ်သည်။ အိမ်ထောင်သည်များလည်း ကံကောင်းသည်။ ပညာရေးလိုက်နေသော (၁၀)တန်းကျောင်းသားများ ကျန်းမာရေးသတိပြုပါ။ ကား၊ စက်၊ အိမ်ခြံမြေ ဝင်တတ်၊ ထွက်တတ်သည်။ ထူးခြားသည်မှာ ကျောက်မျက်ရတနာ လက်ဆောင်ရပါက ထီထိုးပါ။ ဝန်ထမ်းများ ကံကောင်းပါသည်။

အကျိုးပေးဂဏန်း – ၅၊ ၃၊ ၆။

ယတြာ – ကြာသာပတေးနေ့တွင် မိမိတတ်နိုင်သလောက် အကြော်လှူပါ။

 

သောကြာ

ယခုအပတ်အတွင်း သောကြာ သားသမီးတို့သည် စီးပွားရေး လုပ်ငန်းလုပ်ရာတွင် ကံကောင်းနေလိမ့်မည်။ ဆောက်လုပ်ရေးလုပ်ငန်း၊ ဆေးပစ္စည်းရောင်းချသူများ၊ ကျန်းမာရေးဝန်ဆောင်မှု့ပေးသူများ ကံကောင်းနေပြီး အမြတ်အစွန်းများနေမည်။ ငွေကြေးကို အခြေခံသူများကတော့ အားနည်းနေမည်သာဖြစ်သည်။ ကျန်းမာရေးအနေနှင့် နှလုံးရောဂါရှိသူများ ဆေးမှန်ရန် လိုအပ်သည်။ ဂရုစိုက်ပြီး ဆေးစစ်ပါ။ အချစ်ရေးသမားများ ကြေကွဲနေရတတ်သည်။ အိမ်ထောင်ရေးသမားများ အေးစက်နေတတ်ပြီး အကြင်နာများ လျှော့နေမည်။ ပညာရေးသမားများ ရာထူးအတွက် စာမေးပွဲအောင်ပါလိမ့်မည်။ ရတနာပစ္စည်းများ ဝင်မည်၊ ထွက်မည်။ ထူးခြားချက်အနေဖြင့် မိမိစီးနှင်းသော ယာဉ်၏ ဘီးပေါက်ပါက ထီထိုးလိုက်ပါ။ ဝန်ထမ်းများ ကံကောင်းပါသည်။

အကျိုးပေးဂဏန်း – ၆၊ ၄၊ ၀။

ယတြာ – သောကြာနေ့တွင် ငှက်လွတ်ပါ။

 

စနေ

ယခုအပတ်အတွင်း စနေသားသမီးတို့သည် စီးပွားရေးလုပ်ငန်းများ ရပ်ဆိုင်းလုနီးပါးဖြစ်နေမည်။ ငွေကြေးလုပ်ငန်းကို အခြေခံပါက ပိုသတိထားပါ။ ကျန်းမာရေးအနေဖြင့် ဦးခေါင်းသတိထားပါ၊ ခေါင်းကိုက်၊ ခေါင်းခဲ ဖြစ်တတ်သည်။ အိမ်ခြံမြေကိစ္စရပ်များမှ ငွေကြေး အမြတ်ရလိမ့်မည်။ အချစ်ရေးတွင် နှစ်ဘက်မိဘတို့ကြောင့် လက်ထပ်ရက် ရွေ့ဆိုင်ရတတ်သဖြင့် အထူးသတိထား ပြောဆိုရမည့်အချိန်ဖြစ်သည်။ အိမ်ထောင်သည်များလည်း နှစ်ဘက်မိဘတို့ကို အခြေခံသော အိမ်တွင်ရေးကိစ္စများ ဖြစ်နေတတ်သဖြင့် ဆင်ခြင်ပါ။ အိမ်ခြံမြေ ဝင်ကိန်းရှိနေပါသည်။ ပညာရေးသမားများ အလွန်ကျိုးစားရမည့်အချိန် ဖြစ်သည်။ နိုင်ငံခြားဘာသာ သင်ယူသူများ ပိုလေ့လာပါ။ ထူးခြားချက်အနေဖြင့် မိမိနေသောအရပ်တွင် မီးလှန့်ပါက ထီထိုးလိုက်ပါ။ ဝန်ထမ်းများ ပြောင်းရတတ်သည်၊ ကောင်းသော ပြောင်းရွေ့ရခြင်းဖြစ်မည်။

အကျိုးပေးဂဏန်း – ၀၊ ၅၊၁။

ယတြာ – စနေနေ့တွင် သံဃာတော်တစ်ပါးအား ဖိနပ်လှူပါ။

 

ဆရာကင်္ကသူ

Doctoral Thesis Of Astro-Palmist.

Membership Of (H.A.P.R.I)

Ph- 09-2550 68533

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top