နွေရာသီနေပူပူမှာ ဒါတွေဆောင်ထားပါ

summer.jpg

နွေရာသီမှာ နေပူလွန်းလို့ ချွေးတွေလည်းထွက်လို့ စိတ်တွေလည်း ညစ်ရမှာပါ။ နေပူနေချိန်မှာ အပြင်လည်း ထွက်ချင်မှာ မဟုတ်ပါဘူး။ မဖြစ်မနေ အပြင်ထွက်ရပြီဆိုရင်တော့ နေပူရှိန်ကြောင့် အလှမပျက်၊ ကျန်းမာရေး မထိခိုက်ရအောင် ဆောင်ထားရမယ့် ပစ္စည်းလေးတွေ ရှိပါတယ်။

(၁) ထီး၊ ဦးထုပ်

ထီး၊ ဦးထုပ်ကတော့ နွေရာသီမှာ လူတိုင်းဆောင်ထားကြမှာပါ။ နွေနေပူတာကြောင့် ခေါင်းကိုက်ခြင်း၊ ရေဓါတ်ခမ်းခြောက်လွယ်ခြင်း၊ သွေးတိုးလွယ်ခြင်းတွေကနေ ရှောင်ရှားနိုင်ဖို့အတွက် အရိပ်ရအောင် ထီး၊ ဦးထုပ်ဆောင်ရပါမယ်။

(၂) ရေဗူး

အပြင်ထွက်တဲ့အခါတိုင်းမှာ ရေဗူးသေးသေးလေး ဆောင်သွားပါ။ နေရာသီမှာ ရေဓါတ်ခမ်းခြောက်တာတွေ ဖြစ်နိုင်ပြီး မျက်စိမှုန်ဝေဝါးခြင်းတွေလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် နွေရာသီမှာ ရေဆာတာတွေ၊ ရေငတ်တာတွေ မဖြစ်စေဖို့ ရေဗူးလေးတွေ ဆောင်ထားပါ။

(၃) ပေါင်ဒါမှုန့်

ချွေးထွက်သန်တဲ့သူတွေအတွက်တော့ နွေရာသီဟာ အရမ်းကို စိတ်ပျက်စရာ ကောင်းနေမှာပါ။ နေပူလေ ချွေးပိုထွက်လေပါပဲနော်။ ကိုယ့်ရဲ့ ချွေးနံ့ကြောင့် သူတပါးစိတ်ညစ်ရမှာ စိုးတယ်ဆိုရင်တော့ ပေါင်ဒါမှုန့်ဗူး သေးသေးလေး ဒါမှမဟုတ် ချိုင်းချွေးနံ့ ပျောက်ဆေးတွေ ဆောင်ထားဖို့ လိုပါတယ်။

(၄) အဆီစုပ်စက္ကူ

နွေရာသီမှာ ချွေးတွေထွက်ပြီး မျက်နှာမှာ အဆီပြန်တတ်ပါတယ်။ အဓိက အားဖြင့်တော့ T zone (နှာခေါင်းတဝိုက်ပေါ့)။ ဒီလိုဆိုရင် မိတ်ကပ်တွေကွက်ပျက်ပြီး အဆီတဝင်းဝင်းနဲ့ ကြည့်ရဆိုးစေပါတယ်။ ဒါကြောင့် အဆီစုပ်စက္ကူလေးတွေ သွားလေရာမှာ ဆောင်သွားပါနော်။

(၅) Waterproof

နွေရာသီမှာ အလှမပျက်စေဖို့ Waterproofဖြစ်တဲ့ အလှကုန်ပစ္စည်းတွေ သုံးဖို့ လိုပါတယ်။ မျက်တောင်ကော့ဆေး၊ eye liner တွေကို ရေစိုခံ ချွေးစိုခံတာတွေ သုံးပေးရမှာပါ။ မဟုတ်ရင် နွေရာသီ နေပူဒဏ်ကြောင့် ချွေးထွက်ပြီး မျက်တောင်ကော့ဆေး၊ eye liner ပျက်ကာ အလှတွေ လျှော့သွားစေနိုင်ပါတယ်။

(၆) နေရောင်ကာခရင်မ်

နေပူဒဏ်ကြောင့် အသားအရေ ထိခိုက်ပျက်စီးတာတွေ မဖြစ်စေဖို့အတွက် အပြင်ထွက်တဲ့အခါမှာ နေရောင်ခြည်ကာခရင်မ်တွေ လိမ်းသွားဖို့ လိုပါတယ်။ နေရောင်ကာခရင်မ်လေးတွေလည်း ဆောင်ထားပါနော်။ ဒါဆိုရင်တော့ နေလောင်တာတွေ သက်သာသွားမှာပါ။

(၇) နှုတ်ခမ်းနီ

နွေရာသီမှာ matte နှုတ်ခမ်းနီတွေ မဆိုးတာ ကောင်းပါတယ်။ matte တွေက ကြာကြာခံတယ်ဆိုပေမယ့် နှုတ်ခမ်းသားခြောက်တာတွေ ဖြစ်နိုင်ပါတယ်။ နွေရာသီမှာ lip balm လိုမျိုး အဆီလေးတွေ ဆိုးတာ ကောင်းပါတယ်။ နှုတ်ခမ်းနီ ခဏခဏ ထုတ်ဆိုးတတ်တယ်ဆိုတော့ Lip balmလေး ဆောင်ထားပါ။

ရေးသားသူ – Eaindray Kha
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ – Dr. Thurein Hlaing Win

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top