အမွေဆက်ခံသူ (သို့မဟုတ်) ပေါ့ပ်ဂီတရဲ့ မျိုးဆက်သစ်

ent_002.jpg

ပေါ့ပ်ဘုရင် ကြီး မိုက်ကယ်ဂျက်ဆင်ကွယ်လွန်သွားပြီး နောက်ပိုင်းမှာ သူ နဲ့ ပတ်သက်သမျှ သတင်းတွေက ပရိသတ်တွေကြား စုန်းစုန်းမြုပ် ပျောက်ကွယ်လို့နေပါတယ်။ မိုက်ကယ်ဂျက်ဆင်မရှိတော့ပေမဲ့ အဖေ့ခြေရာဆက်နင်းမယ့် သားလေးကတော့ရှိနေပါတယ်။

သူကတော့ ဘလန့်ကက်ထ် ဂျက်ဆင် (Blanket Jackson) ပါ။

ဘလန့်ကက်ထ်ကို ၂၀၀၂ ခုနှစ် ၊ ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှာ မွေးဖွားခဲ့ပြီး အခုဆိုရင် သူ့အသက်က ၁၆ နှစ်ရှိနေပါပြီ။ မိုက်ကယ်ဂျက်ဆင်ရဲ့ သားအငယ်ဆုံးဖြစ်တဲ့ သူ့ကို သမရိုးကျ မွေးဖွားခဲ့တာမဟုတ်ပါဘူး။ မိုက်ကယ်ဂျက်ဆင်ရဲ့ သုတ်ပိုးကို အငှားကိုယ်ဝန်ဆောင်မိခင်တစ်ဦးက လက်ခံပြီး မွေးဖွားခဲ့ခြင်းဖြစ်ပါတယ်။ အငှားကိုယ်ဝန်ဆောင် အမျိုးသမီးနဲ့ ပတ်သက်တဲ့သတင်းကိုတော့ ထုတ်ဖော်ကြေညာခြင်း မရှိခဲ့ပါဘူး။

မိုက်ကယ်ဂျက်ဆင်ရဲ့ သား အကြီးဆုံးက ဂျိုးဆက်ဂျက်ဆင်ဖြစ်ပြီး Prince လို့ လူသိများပါတယ်။ သမီးအလတ်ကတော့ ပဲရစ်ဂျက်ဆင်ဖြစ်ပါတယ်။ သူတို့နှစ်ဦးရဲ့ မိခင်ကတော့ ဒက်ဘီ ရိုဝီ (Debbie Rowe) ဖြစ်ပြီး အမေရိကန်လူမျိုး နာ့စ်မတစ်ဦးပဲ ဖြစ်ပါတယ်။

၂၀၀၂ ခုနှစ် နိုဝင်ဘာလမှာ အမှားအကြီးကြီး တစ်ခုကို မိုက်ကယ်ကျူးလွန်ခဲ့မိပါတယ်။ ဒါကတော့ ကိုးလသားအရွယ်သာရှိသေးတဲ့သားဖြစ်သူ ဘလန့်ကက်ထ်ကို ဗာလင်ဟိုတယ် လေးထပ်မြောက် လသာဆောင်ကနေ တွဲလောင်းချဖို့ ကြိုးစားခဲ့တာပါ။

မိုက်ကယ်ရဲ့ ဒီအပြုအမူ က သတင်းမီဒီယာမှာ ပျံ့သွားတဲ့နောက်မှာ အရှက်ရပြီး အခန်းထဲတစ်နေကုန် အောင်းနေခဲ့တယ်လို့ သူ့ရဲ့ သက်တော်စောင့်ကပြောပါတယ်။

၂၀၀၉ ခုနှစ် မိုက်ကယ် ကွယ်လွန်ပြီး နောက်မှာတော့ သားအကြီးနဲ့ သမီးအလတ်တို့ကတော့ လူတွေ အာရုံစိုက်ခံ ဘဝနဲ့ နေခဲ့ကြပေမယ့် သားအငယ်ဆုံး ဘလန့်ကက်တ် ကတော့ သီးသီးသန့်သန့်ပဲ နေခဲ့ပါတယ်။ ဒါကြောင့် သူ့ရဲ့ နာမည်ပြောင်က “တွေ့ရခဲတဲ့ ကောင်လေး” ပါ။

လက်ရှိမှာ ဘလန့်ကက်ထ် က ဘက်လေ (Buckley) ကျောင်းမှာ ပညာသင်ကြားနေပြီး ကိုယ်ခံပညာ လေ့ကျင့်ခန်းနဲ့ ဗီဒီယိုဂိမ်းတွေက သူ့ရဲ့ မြတ်နိုးရာပါ။

ရင်းနှီးတဲ့ မိသားစုဝင်တွေ ပြောစကားအရ ဘလန့်ကက်ထ် က အဖေ့ခြေရာဆက်နင်းမယ့် သားဖြစ်ကြောင်းသိရပါတယ်။ စိတ်အားထက်သန်မှုပြင်းပြတဲ့ ကလေးဖြစ်လို့ အောင်မြင်တဲ့ အလားအလာအများကြီးရှိမှာပါလို့ ဦးလေးဖြစ်သူTito ကပြောပါတယ်။

ကဲ….မျှော်မှန်းထားကြတဲ့ အတိုင်း ဘလန့်ကက်ထ်တစ်ယောက် အဖေ့ခြေဖျား မီနိုင်မလားဆိုတာတော့ စောင့်ကြည့်ရမှာပါ။

 

Ref: thesun.co.uk

May Moe (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top