PlayStation Classic နာမည်နဲ့ တစ်ကျော့ပြန်လာတော့မယ့် PlayStation 1

42134424_2119701998093761_1873546570822057984_n.jpg

၁၉၉၀ ခုနှစ်များဆီက အငွေ့အသက်တွေ ထည့်သွင်းထားတဲ့ PlayStation Classic အမည်နဲ့ ဂိမ်းစက်ကို Sony က တစ်ကျော့ပြန် အသက်သွင်း လိုက်ပြီ ဖြစ်ပါတယ်။ ၁၉၉၀ နဲ့ ၂၀၀၀ ခုနှစ်ကြားမှာ မွေးဖွားသူတွေအတွက်ကတော့ PlayStation (PS1 လို့အများခေါ်တဲ့) ဟာ အိပ်မက် နိဗ္ဗာန်တစ်ခု ဖြစ်ခဲ့တာပါ။ အခုခေတ်လို ဖုန်းဂိမ်းတွေ ဖေ့စ်ဘွတ်ခ်တွေ ကွန်ပြူတာဂိမ်းတွေ ခေတ်စားမလာခင် PlayStation ကိုပဲ အားကိုးပြီး မုန့်ဖိုးလေးတွေစု အိမ်က ဆူမှာကြောက်ကြောက်နဲ့ ဂိမ်းဆိုင်မှာ သွားပြီးကစားခဲ့ရတဲ့ အခြေခံပညာ ကျောင်းသားဘဝကိုတော့ မေ့ရမယ် မထင်ပါဘူး။

ကဲ အခုတော့ PS3 တွေ X Box တွေ PS4 တွေကြား ပြန်လည်တိုးဝင် ရောက်ရှိလာပါပြီ။ PlayStation ဂိမ်းတွေရဲ့ ခေတ်ဦးပိုင်းက လျှမ်းလျှမ်းတောက် မင်းသားတစ်ပါးလို့ တင်စားရလောက်တဲ့ မူလလက်ဟောင်း PlayStation 1 အရသာကို ပါဝင်အသုံးတော်ခံမှာက PlayStation Classic ပဲ ဖြစ်ပါတယ်။

PlayStation Classic ကို PlayStation ၂၄ နှစ်ပြည့် အမှတ်တရအဖြစ် လာမယ့် ဒီဇင်ဘာ ၃ ရက်နေ့မှ စတင်ရောင်းချ ပေးသွားမယ်လို့ Sony က ဆိုပါတယ်။ PlayStation Classic ဂိမ်းစက်ဟာ မူလလက်ဟောင်း PlayStation စက်ထက် ၄၅ ရာခိုင်နှုန်းလောက် ပိုမိုသေးငယ်တဲ့ Mini ပုံစံမျိုး ဖန်တီးထားသလို စက်ထဲမှာ ဂိမ်းအမျိုးအစား ၂၀ ကို တစ်ခါတည်း ထည့်သွင်းပြီးသား ဖြစ်ပါတယ်။

ငယ်ငယ်က နာမည်ကြီး ဂိမ်းတွေဖြစ်တဲ့ Final Fantasy VII တို့ Jumping Flash ဂိမ်းတွေအပြင် Ridge Racer Type 4 တို့ Takken 3 တို့လို ဂိမ်းတွေပါ ပါဝင်လာမယ်လို့ ဆိုပါတယ်။ ဈေးနှုန်းအနေနဲ့တော့ ၉၉.၉၉ ဒေါ်လာနဲ့ ရောင်းချသွားမှာ ဖြစ်ပါတယ်။

HDMI Port ပါဝင်လို့ TV အမျိုးအစား အားလုံးနဲ့ ချိတ်ဆက်နိုင်ပါတယ်။ ဒါပေမ Jh Vibration ခလုတ် (ဘု) နဲ့တော့ ဆော့လို့ရမှာ မဟုတ်ပါဘူး။ Memory Card စိုက်လို့လည်း မရနိုင်ပေမဲ့ ဂိမ်းဆော့ပြီးရင် မှတ် (Save) ဖို့အတွက်ကတော့ စက်ထဲက memory ကို အသုံးပြု မှတ်ထားနိုင်ပါတယ်။ စက်နဲ့ ခလုတ် ဒီဇိုင်းတွေကလည်း ထူးထူးခြားခြား ပြောင်းလဲထားတာ မရှိဘူးလို့ ဆိုပါတယ်။

Ref : Techradar & PlayStation “PlayStation Classic mini retro console is launching in time for Christmas”

Cj (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top