MPT က မြန်နှုန်းမြင့် LTE ကွန်ရက်အဆင့်မြှင့်တင်ခြင်းကို မန္တလေးတိုင်း ဒေသကြီးတွင် တိုးချဲ့ဆောင်ရွက်

18.3.24-yyl-9.jpg

မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာဖြစ်သည့် MPT သည် နိုင်ငံတစ်ဝန်းရှိ သုံးစွဲသူများအတွက် ပိုမိုကောင်းမွန်သော ကွန်ရက်အတွေ့အကြုံများ ပေးအပ်နိုင်ရန် စဉ်ဆက်မပြတ်ကြိုးစားဆောင်ရွက်လျက်ရှိပါသည်။ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလက ရန်ကုန်တိုင်းဒေသကြီးတွင် ပြုလုပ်ခဲ့သည့် မြန်နှုန်းမြင့် LTE ကွန်ရက် အဆင့်ပြောင်းလဲ မြှင့်တင်မှုသည် ထူးခြားသည့်မှတ်တိုင်တစ်ခုဖြစ်ခဲ့ကာ မန္တလေးတိုင်းဒေသကြီးနှင့် ၎င်း၏ အနီးတဝိုက်ဒေသများရှိ သုံးစွဲသူများအနေဖြင့် ယခင်ကထက် ပိုမိုမြန်ဆန် ကောင်းမွန်သော အင်တာနက်ချိတ်ဆက်မှုကို ရရှိနိုင်ပြီဖြစ်ပါကြောင်း MPT က ထုတ်ပြန်ကြေညာလိုက်ပါသည်။

အဆိုပါ ကွန်ရက်တိုးချဲ့မှုသည် မန္တလေးတိုင်းဒေသကြီးနှင့် အနီးတဝိုက်ဒေသများတွင် ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများ ပေးအပ်နိုင်ရန် ကြိုးစားလျက်ရှိပြီး ကွန်ရက်အဆင့်ပြောင်းလဲ မြှင့်တင်မှု မှတစ်ဆင့် သုံးစွဲသူများအနေဖြင့် ပိုမိုကောင်းမွန်သော အတွေ့အကြုံကောင်းများကို ရရှိခံစားနိုင်မည်ဖြစ်ပါသည်။ ကွန်ရက် အဆင့်မြှင့်တင်မှုနှင့်အတူ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ MPT သုံးစွဲသူများအားလုံး ခံစားနိုင်မည့် အထူးကမ်းလှမ်းချက်များကို စီစဥ်ဆောင်ရွက်ထားပါသည်။ သုံးစွဲသူများသည် အဆိုပါ အထူးကမ်းလှမ်းချက်များကို *555# သို့ခေါ်ဆိုခြင်းဖြင့် (သို့မဟုတ်) MPT အရောင်းဆိုင်များ၊ Call Center၊ Chatbot (သို့မဟုတ်) MPT4U အက်ပလီကေးရှင်းတို့မှတစ်ဆင့် ရရှိ ခံစားနိုင်မည်ဖြစ်ပါသည်။

MPT-KSGM Joint Operations ၏ နည်းပညာဌာနကြီးမှ ဒုတိယ အရာရှိချုပ်ဖြစ်သူ Mr.Yoshihisa OUCHI မှ “ ကျွန်တော်တို့အနေနဲ့ နည်းပညာရဲ့ အရေးပါမှုကို သိရှိထားပြီး “ရှေ့သို့ လှမ်းချီ မြန်မာပြည်” ဆိုတဲ့ ကျွန်တော်တို့ရဲ့ ကတိကဝတ်နဲ့အညီ မြန်မာနိုင်ငံအတွက် ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ သုံးစွဲသူတွေကို ပိုမိုဆန်းသစ်တဲ့ ဆက်သွယ်ရေးဝန်ဆောင်မှုတွေကို ပံ့ပိုးပေးနိုင်ဖို့အတွက် စဉ်ဆက်မပြတ် ကြိုးစားနေပြီး သုံးစွဲသူတွေအတွက် ဆန်းသစ်တဲ့အတွေ့အကြုံကောင်းတွေ ခံစားနိုင်စေဖို့အတွက်လည်း အစွမ်းကုန် ကြိုးစားနေပါတယ်။ ကျွန်တော်တို့ရဲ့ရည်မှန်းချက်ကတော့ နိုင်ငံတစ်ဝန်းက ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေအတွက် ပိုမိုမြန်ဆန် ကောင်းမွန်တဲ့ ကွန်ရက်အတွေ့အကြုံကောင်းတွေကို ပေးအပ်နိုင်ဖို့ဖြစ်ပြီး ဒီရည်ရွယ်ချက် အောင်မြင်ဖို့အတွက်လည်း အစွမ်းကုန်ကြိုးစားသွားမှာပါ ” ဟု ပြောကြားခဲ့ပါသည်။

MPT ၏ ဝန်ဆောင်မှုများကို အစဉ်တစိုက်အသုံးပြုလျက်ရှိသည့် သုံးစွဲသူ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိပါသည်။ MPT အကြောင်း ပိုမိုသိရှိလိုပါက တရားဝင် ဝက်ဘ်ဆိုက်ဖြစ်သော www.mpt.com.mm နှင့် တိုက်ရိုက် တုံ့ပြန်ဖြေကြားပေးသည့် Chatbot ဝန်ဆောင်မှုများကို MPT4U အက်ပလီကေးရှင်း၊ MPT Viber သို့မဟုတ် 106 Call Center တို့တွင် စုံစမ်းမေးမြန်းနိုင်ပါသည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top