ဖာပွန်မြို့နယ်(ကရင်)က နေရပ်စွန့်ခွာထွက်ပြေးသူ (၄,၀၀၀) ကျော်ကို UNHCR က အခြေခံအသုံးအဆောင်တွေ ကူညီထောက်ပံ့ပေး

7-7-2021-yyl-24.jpg

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်အတွင်းမှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်နေရသူ (၄,၄၂၇) ဦး ကို UNHCR က အစားအစာမဟုတ်တဲ့ မရှိမဖြစ်လိုအပ်တဲ့ အခြေခံအသုံးအဆောင်တချို့ကို ကူညီထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။

နေရပ်စွန့်တိမ်းရှောင်နေသူတွေအနေနဲ့ ကျန်းမာရေး၊ ဂုဏ်သိက္ခာနဲ့အညီ နေထိုင်နိုင်ရန်အတွက် သာမာန်အိမ်သုံးပစ္စည်းတွေဖြစ်တဲ့ ဖျာ၊ ခြင်ထောင်၊ စောင်၊ ရေပုံး၊ ဆပ်ပြာနဲ့ မီးဖိုချောင်းသုံးပစ္စည်းတွေကို လှူဒါန်းပေးခဲ့တာဖြစ်တယ်လို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ အေဂျင်စီ (UNHCR)မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဖာပွန်မြို့နယ်အတွင်း ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်ပြည်သူများမှာ ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်အတွင်းက မြိုင်ကြီးငူနဲ့ ကမမောင်းမြို့နယ်တွေမှာ တိုက်ပြေးတိမ်းရှောင်နေရပါတယ်။

UNHCR အနေနဲ့ မြန်မာနိုင်ငံအရှေ့တောင်ပိုင်းဒေသက ပဋိပက္ခဖြစ်ပွားမှုတွေကြောင့် နေရပ်စွန့်ခွာနေထိုင်နေရသူများကို အကူအညီပေးရေးလုပ်ငန်းတွေ ဆက်လက်တိုးမြှင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ မကြာခဏဆိုသလို အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့သာ ထွက်ပြေးတိမ်းရှောင်လာကြရတဲ့ မိသားစုတွေကိုလည်း ကူညီပံ့ပိုးမှုတွေ ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက် နောက်ပိုင်းဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းနေရာတွေက ခန့်မှန်းခြေ လူပေါင်း (၁၇၇,၅၀၀) ဝန်းကျင်မှာ နေရပ်စွန့်ခွာ ပြောင်းရွှေ့နေထိုင်နေရတယ်လို့ United Nations OCHA ဖော်ပြချက်အရ သိရပါတယ်။

Photo- UNHCR
Cherry(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top