အက်တမ် (ATOM) နှင့် MyJobs Myanmar တို့ ပူးပေါင်းပြီး အက်တမ် (ATOM) စတိုးအက်ပ်တွင် အလုပ်အကိုင်ရှာဖွေရေး လုပ်ဆောင်ချက်အသစ် Find.Job ကို စတင်မိတ်ဆက်

16.5.2023-yyl-13.jpg

အက်တမ် (ATOM) သည် အွန်လိုင်းအလုပ်အကိုင် ရှာဖွေရေးပလက်ဖောင်းတစ်ခုဖြစ်သည့် MyJobs Myanmar (www.myjobs.com.mm) နှင့် ပူးပေါင်း၍ အက်တမ် (ATOM) စတိုးအက်ပ်တွင် Find.Job အမည်ရှိ အလုပ်အကိုင်ဝန်ဆောင်မှု လုပ်ဆောင်ချက်အသစ်ကို စတင်မိတ်ဆက်ပေးခဲ့ပါသည်။ Find.Job တွင် ထောင်ပေါင်းများစွာသော ပြည်တွင်းပြည်ပ အလုပ်အကိုင်အခွင့်အရေးများအပြင် အသက်မွေးဝမ်းကြောင်းတိုးတက်မှုနှင့် အလုပ်အကိုင်တိုးတက်ရေးအတွက် အထောက်အကူပြုနိုင်သော အရင်းအမြစ်များကို ရရှိနိုင်မည်ဖြစ်သည်။

ယခုပူးပေါင်းလုပ်ဆောင်မှုသည် MyJobs Myanmar ၏ ဒေတာအချက်အလက်များပေါ်တွင် အခြေခံ၍ အက်တမ် (ATOM) မြန်မာ ကုမ္ပဏီရှိ အလုပ်အကိုင် အခွင့်အလမ်းများအပါအဝင် အခြားအလုပ်အကိုင် အခွင့်အလမ်းများကိုလည်း အလုပ်အကိုင်ရှာဖွေနေသူများအတွက် ဖော်ပြပေးသွားမည်ဖြစ်သည်။

အလုပ်အကိုင်ရှာဖွေသူများသည် Find.Job တွင် အလုပ်အကိုင်ရှာဖွေသည့်အခါ နေရာ၊ လုပ်ငန်းအမျိုးအစားနှင့် ကုမ္ပဏီတို့ကို လိုအပ်သလို စိစစ်ရွေးချယ်နိုင်ပါသည်။ Find.Job တွင် အလုပ်ရှာဖွေနေသူများအနေဖြင့် မိမိကိုယ်ရေးမှတ်တမ်းကိုလည်း ဖန်တီးပြသထားနိုင်သော ‘Feature Profile’ ကဲ့သို့ အသုံးဝင်သော လုပ်ဆောင်ချက်များကိုလည်း ပြုလုပ်နိုင်မည်ဖြစ်ပြီး ထိုမှတ်တမ်းအား MyJobs ပလက်ဖောင်းပေါ်တွင်လည်း ပြသထားနိုင်မည်ဖြစ်သည်။ ထို့အပြင် အလုပ်အကိုင်၊ အသက်မွေးဝမ်းကြောင်းတိုးတက်မှုနှင့် အလုပ်အကိုင် တိုးတက်ရေးတို့အတွက် အထောက်အကူပြုပေးနိုင်သည့် အကြုံပြုချက်များ ပါဝင်သော ဆောင်းပါးနှင့် ဗီဒီယိုများကိုလည်း Find.Job တွင် လွယ်ကူအဆင်ပြေစွာ ကြည့်ရှုနိုင်မည်ဖြစ်သည်။

အက်တမ် (ATOM) အသုံးပြုသူ customer များသည် အက်တမ် (ATOM) စတိုးအက်ပ်တွင် Find.Job လုပ်ဆောင်ချက်ကို အက်ပလီကေးရှင်းထဲရှိ ‘Lifestyle’ နေရာသို့သွား၍ Find.Job ပုံလေးအား နှိပ်လိုက်ရုံဖြင့် အသုံးပြုနိုင်မည်ဖြစ်သည်။ Find.Job လုပ်ဆောင်ချက်ကို အသုံးပြုနိုင်ရန် အဖွဲ့ဝင်ကြေးတစ်စုံတစ်ရာ ပေးအပ်စရာမလိုပဲ ပြသထားသော အလုပ်အကိုင်များကို လျှောက်ထားလိုသူများသည် MyJobs Myanmar ဝက်ဘ်ဆိုဒ်သို့ ရောက်ရှိသွားမည်ဖြစ်ပြီး အကောင့်ဖွင့်ရန်လိုအပ်မည်ဖြစ်သည်။

အက်တမ် (ATOM) စတိုးအက်ပ်ကို Google Play Store ၊ Apple Store တို့မှ ဒေါင်းလုပ်ရယူနိုင်ပြီး အက်တမ် (ATOM) ဝက်ဘ်ဆိုဒ်ဖြစ်သည့် https://www.atom.com.mm/my/personal/ATOMstoreapp မှလည်း ရယူနိုင်ပါသည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top