ရုံးမှာ လက်ဆောင်ပစ္စည်းလဲလှယ်ရင်း ရတဲ့ ထီလက်မှတ်နဲ့ ထီပေါက်ခဲ့သူ

19-12-2022-yyl-73.jpg

အမေရိကန်နိုင်ငံက အမျိုးသမီးတစ်ဦးဟာ ရုံးမှာ လက်ဆောင်ပစ္စည်းလဲလှယ်ရင်း ရတဲ့ ထီလက်မှတ်နဲ့ ဒေါ်လာ ၁၁၇၅၀၀ ဆုကြေးရရှိခဲ့ပါတယ်။ လော်ရီ ဂျိမ်းစ်ဆိုတဲ့ အဲဒီအမျိုးသမီးက လူးဝစ်ဗီလီမြို့က Harmon Dental Center မှာ ရုံးမန်နေဂျာတစ်ယောက်ပါ။ သူက ရုံးရဲ့လက်ဆောင်ပစ္စည်းလဲလှယ်တဲ့ပွဲကို တက်ရောက်ခဲ့ပြီး သူက ၂၅ ဒေါ်လာတန် TJ Maxx လက်ဆောင်ကတ်ကို ယူခဲ့တယ်။ ဒါပေမဲ့ သူ့အတွက် ကံကောင်းချင်တော့ ရုံးက အခြားဝန်ထမ်းတစ်ယောက်ဟာ သူ့ဆီက လက်ဆောင်ကို ယူဖို့ ဆုံးဖြတ်ခဲ့တယ်။

ဂျိမ်းစ်က အခြားလက်ဆောင်တစ်ခုကို ရွေးချယ်နိုင်ခဲ့ပြီးတဲ့နောက် ခဲခြစ်ထီလက်မှတ်တွေကို လက်ဆောင်အဖြစ် ရခဲ့တာပါပဲ။ Kentucky Lottery က သတင်းထုတ်ပြန်ချက်အရ အရင်ဆုံး ဂျိမ်းစ်က ပထမထီလက်မှတ်ကနေ ဒေါ်လာ ၅၀ ပေါက်ခဲ့တယ်။ အဲဒီနောက် ဒေါ်လာ ၁၀ တန် “Hit The Jackpot” ထီလက်မှတ်ကို ခဲခြစ်လိုက်တဲ့အခါမှာ ဒေါ်လာ ၁၇၅၀၀၀ ဆုကြေးရရှိခဲ့တယ်လို့ ဆိုပါတယ်။

ထီပေါက်တာကို မယုံကြည်နိုင်ဖြစ်ခဲ့ရတဲ့ ဂျိမ်းစ်က “လူတိုင်း အံ့ဩသွားခဲ့ရတယ်။ နှစ်ခါပြန်စစ်တဲ့သူကစစ်ကြနဲ့။ တချို့လူတွေကဆိုရင် ထီအက်ပလီးကေးရှင်းမှာ ထီလက်မှတ်ကို Scan ဖတ်ပြီး စစ်ခဲ့ကြတယ်”လို့ ဆိုပါတယ်။

Ref: US Woman Wins Lottery Worth $175,000 In Office Gift Exchange

WL(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top