ရီဟားနားရဲ့ဖောင်ဒေးရှင်းက ရာသီဥတုမျှတရေးအတွက် ဒေါ်လာ ၁၅ သန်း လှူဒါန်း

24-2-2022-yyl11.jpg

ရီဟားနား (Rihanna) ဟာ ရာသီဥတုပြောင်းလဲမှုက လူမှုမျှတရေး (social-justice) ပြဿနာအဖြစ် ယုံကြည်ထားပါတယ်။ ဒါကြောင့် သူက အဲဒီအရေးအတွက် သူ့ရဲ့ Clara Lionel ဖောင်ဒေးရှင်းကတဆင့် ဒေါ်လာ ၁၅ သန်း လှူဒါန်းခဲ့ပါတယ်။ရီဟားနားက ကာရေဘီယံနိုင်ငံ ၇ နိုင်ငံနဲ့ အမေရိကန်ပြည်ထောင်စုမှာ လုပ်ဆောင်နေတဲ့ ရာသီဉတုမျှတမှုဆိုင်ရာ အဖွဲ့အစည်း ၁၈ ခုဆီ လှူဒါန်းမှုပြုလုပ်ခဲ့တယ်ဆိုတာကို ဇန်နဝါရီ ၂၅ ရက်နေ့ အင်္ဂါနေ့က ကြေညာခဲ့ပါတယ်။ အဲဒီအဖွဲ့အစည်းတွေမှာ Climate Justice Alliance၊ the Indigenous Environmental Network နဲ့ the Movement for Black Lives အဖွဲ့တွေ ပါဝင်ခဲ့ပါတယ်။

“​ ကျွန်းနိုင်ငံတွေရဲ့လူမှုအသိုက်အဝန်းတွေက ရာသီဥတု ဖောက်ပြန်မှုဒဏ်ကို ပြင်းထန်စွာ ရင်ဆိုင်နေရပါတယ်။ကြိမ်နှုန်းနဲ့ ပြင်းထန်မှုတိုးပွားလာနေတဲ့ ရာသီဥတုဘေးအန္တရာယ်တွေက လူမှုအသိုက်အဝန်းအားလုံးအ​ပေါ် ညီတူညီမျှ သက်ရောက်မှု မဖြစ်စေခဲ့ဘူး”လို့ ရီဟားနားက ထုတ်ပြန်ချက်တစ်စောင်မှာ ပြောကြားခဲ့ပါတယ်။ ကွာဟာချက်ဟာ သူ့ရဲ့အဘိုးအဘွားနာမည် ​အမည်​ပေးထားတဲ့ ဖောင်ဒေးရှင်းက ရာသီဥတုဒဏ်ခံနိုင်ရည်ရှိရေးနဲ့ ရာသီဥတုမျှတရေးတွေကို ဦးစားပေးလုပ်ဆောင်ရမယ့် အကြောင်းအရင်းဖြစ်တယ်လို့ သူက ဆိုပါတယ်။

Twitter ပူးတွဲတည်ထောင်သူ ဂျက်ဒေါ်ဆေး (Jack Dorsey) ရဲ့ #StartSmall ပရဟိတ နဲ့ ပူးပေါင်ပြီး လုပ်ထားတဲ့ ရန်ပုံငွေတွေကို အမျိုးသမီးတွေ၊ LGBT၊ လူမည်းနဲ့ ဌာနေတိုင်းရင်းသားခေါင်းဆောင်တွေပါရှိတဲ့ အဖွဲ့တွေအပေါ် အလေးထားလုပ်ဆောင်ထားပါတယ်။ အဲဒီအသိုင်းအဝိုင်းတွေက ဘေးအန္တရာယ်အများဆုံးအခြေအနေမှာရှိတဲ့အတွက်ကြောင့်ဖြစ်တယ်လို့ Clara Lionel ဖောင်ဒေးရှင်းရဲ့အမှုဆောင်ဒါရိုက်တာ ဂျက်စတင် လူးကပ်စ် (Justine Lucas) က ထုတ်ပြန်ချက်မှာ ပြောခဲ့ပါတယ်။ “ရန်ပုံငွေရှာသူတွေက သူတို့ရဲ့အသိုင်းအဝိုင်းမှာ ရာသီဥတုမျှတမှုရရှိဖို့ လိုအပ်တဲ့အရာတွေကို သေချာနားလည်သိမြင်ပြီး အောက်ခြေလူတန်းစားအဖွဲ့အစည်းတွေနဲ့ မိတ်ဖက်လက်တွဲမှုတွေတည်ဆောက်ရမယ်” လို့ ဂျက်စတင် လူးကပ်စ်က ဆိုထားပါတယ်။

Ref: ABCNews “Rihanna’s foundation donates $15 million to climate justice”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top