လှပတဲ့ဆံပင်လေးပိုင်ဆိုင်ဖို့ ဆံသားကို သဘာဝပါဝင် ပစ္စည်းတွေနဲ့ အဆိပ် ထုတ်ရအောင်

25-6-2020-yyl-011.jpg

လှပကြော့ရှင်းတဲ့ဆံပင်ကို ပျိုမေတွေ မပိုင်ဆိုင်ချင်ကြဘူးလား။

အသားရေက ဆဲလ်အသေတွေ၊ အဆိပ်အတောက်တွေကို ဖယ်ရှားလို့ ရသလိုပဲ ဆံပင်က အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးသင့်ပါတယ်။ ဆံသားနဲ့ ဦးရေပြားက နေရောင်ခြည်နဲ့ လေထုညစ်ညမ်းမှုတွေကြောင့် ဖုန်မှုန့်၊ အညစ်အကြေးတွေနဲ့ အများဆုံးထိတွေ့မိကြပါတယ်။ ဆံသားကို ဂရုစိုက်မထိန်းသိမ်းဘူးဆိုရင် ဆံပင်ကို ပျက်စီးစေနိုင်ပါတယ်။

ဆံပင်ကို ထိန်းသိမ်းချင်ရင် ဓာတုပစ္စည်းတွေမပါတဲ့ ထုတ်ကုန်တွေနဲ့ ဂရုစိုက်ပေးတာအကောင်းဆုံးပါပဲ။ ဒါကြောင့်လည်း အမေတွေက ဟိုအရင်တုန်းကဆိုရင် တရော်ကင်ပွန်းနဲ့ ခေါင်းလျှော်ဖို့ ပြောကြတာပါပဲ။ ဆံသားကျန်းမာဖို့နဲ့ တောက်ပြောင်လှပဖို့အတွက် သဘာဝပစ္စည်းတွေက အစွမ်းထက်တယ်လို့ ပြောလို့ရပါတယ်။ ဆံသားက အဆိပ်အတောက်တွေ ဖယ်ရှားချင်ရင် ဒီသဘာဝပါဝင်ပစ္စည်းတွေနဲ့ ဆံပင်ကို ထိန်းသိမ်းကြရအောင်နော်..။

သခွားသီးနဲ့ သံပရိုသီး

ဒီပါဝင်ပစ္စည်း (၂) မျိုးဟာ ဆံသားက အဆိပ်အတောက်တွေကို ဖယ်ရှားရင် အစွမ်းထက်ပါတယ်။ ဆံပင်ကို အဆိပ်ထုတ်ဖို့ ဘယ်လိုပြင်ဆင်ရမလဲဆိုရင် ပါဝင်ပစ္စည်း (၂) မျိုးလုံးကို အခွံနွှာပြီး သေးသေးလေးတွေ လှီးဖြတ်လိုက်ပါ။ ပြီးရင် အဲဒီနှစ်မျိုးကို မရှိမဖြစ်ဆီအနည်းငယ်နဲ့ရောစပ်ပြီး သမအောင်မွှေလိုက်ပါ။ ဒီအရောအနှောကို ဆံသားမှာ အသုံးပြုလိုက်ပြီး မိနစ်အနည်းငယ်ကြာရင် ရေနဲ့ဆေးကြောလိုက်ပါ။ ဒါက ဆံပင်က ဖုန်မှုန့်၊ စေးကပ်မှုတွေ၊ အညစ်အကြေးတွေကို ဖယ်ရှားဖို့အတွက် အကူအညီပေးပါလိမ့်မယ်။ သခွားသီးနဲ့သံပရိုသီးတို့က ဆံပင်ကို သန့်စွမ်းစေပြီး ဗောက်ထခြင်းကိုလည်း သက်သာစေပါတယ်။ ဒီနည်းကို ပုံမှန်အသုံးပြုပေးလို့ရပါတယ်။

ပျားရည်ခေါင်းလျှော်ရည်

အိမ်မှာပဲ ပျားရည်နဲ့ ခေါင်းလျှော်ရည်လုပ်ပြီး ဆံပင်ကို အဆိပ်ထုတ်တဲ့အခါ အသုံးပြုလို့ရပါတယ်။ ပျားရည်နဲ့ ခေါင်းလျှော်ရည်လုပ်ဖို့ဆိုရင် ပျားရည် (စားပွဲတင်ဇွန်း ၁ ဇွန်း) နဲ့ ရေ (စားပွဲတင်ဇွန်း ၃ ဇွန်း) နဲ့ သင် ကြိုက်နှစ်သက်ရာ ဆီတစ်မျိုးမျိုးတို့လိုအပ်ပါလိမ့်မယ်။ အဲဒီပါဝင်ပစ္စည်း (၃) မျိုးကို ရောစပ်ပြီး သမအောင်မွှေလိုက်ပါ။ ဆံပင်ရေစိုစိုမှာ ဒီအရောအနှောကို အသုံးပြုလိုက်ရုံပါပဲ။ အသုံးပြုတဲ့အခါမှာ ဦးရေပြားကို နှိပ်နယ်ပေးပြီး မိနစ်အနည်းငယ်ကြာမှာ ရေအေး (သို့) ရေနွေးနွေးနဲ့ ဆေးကြောပေးလိုက်ပါ။

ပျားရည်က ဆံပင်ကျန်းမာအောင် ကူညီပေးတဲ့အပြင် ဆံပင်ခြောက်သွေ့တာကိုလည်း သက်သာစေပါတယ်။ ပျားရည်ခေါင်းလျှော်ရည်နဲ့ ခါတိုင်းလျှော်နေကျခေါင်းလျှော်ရည်တို့ကို အလှည့်ကျသုံးပြီး ခေါင်းလျှော်ပေးသင့်ပါတယ်။ ဒီတစ်ပတ်ကို ပျားရည်ခေါင်းလျှော်ရည်ဆိုရင် နောက်တစ်ပတ်မှာ ရိုးရိုးခေါင်းလျှော်ရည်ကို သုံးပါ။ အဆိပ်အတောက်ကင်းတဲ့ ဆံသားလေးဖြစ်လာတာကို သင်မြင်တွေ့ရတဲ့အခါမှာ ပျားရည်ခေါင်းလျှော်ရည်ကို သေချာပေါက် ကြိုက်နှစ်သက်မယ်လို့ ထင်ပါတယ်။

Ref: Use these natural ways to detoxify your hair

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top